အခန်း ၁၃၈ ။ အမျိုးသားဇာတ်လိုက် နဲ့ ဇာတ်ပို့ အမျိုးသားဇာတ်လိုက် PK (၂)

44 6 0
                                        

အခန်း ၁၃၈ ။ အမျိုးသားဇာတ်လိုက် နဲ့ ဇာတ်ပို့  အမျိုးသားဇာတ်လိုက် PK (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================

ယဲ့ဖေးချန် ဟာ ခေါင်းကိုညိတ် မတ်တပ်ရပ်
ခဲ့ပြီး လော့လော့ ကိုပထမဆုံး ပွေ့ချီ
လိုက်တယ်။

ချောင်မိုယွီက စားသောက်ဆိုင်ရဲ့ သူဌေးကို
အကြောင်းကြားပြီး တစ်ဖက်လူရဲ့ စိတ်အား
ထက်သန်လှတဲ့ ကျေးဇူးတင်မူ နှင့်အတူ
ဆိုင်မှ ထွက်ခွာခဲ့တယ် ။

အိမ်အပြန်လမ်းမှာ လေထုဟာအရင်လိုပေါ့ပါးပြီး ပျော်ရွှင်မနေခဲ့ဘူး။

ယဲ့ဖေးချန်ဟာ အနောက်ခန်းမှ ချောင်မိုယွီ
ကို ကြည့်လိုက်ပြီး သူ့ဘတ်မှ စတင်ခြင်းမရှိဘူး
ဆိုရင်အဖြေကို ရဖို့ဘယ်လောက်ကြာမယ်ဆိုတာ သူမသိနိုင်တာကို ရှင်းရှင်းလင်းလင်းသဘောပေါက်ခဲ့တယ်။

နောက်ဆုံးမှာ ချောင်မိုယွီရဲ့ ရပ်ကွတ် ထဲကိုသူတို့ရောက်လာခဲ့တယ်။သူမ ဟာ လော့လော့ ကိုဖတ်ပြီးကားထဲက ဆင်းလာခဲ့တယ်။

ယဲ့ဖေးချန်ကို ပြန်ကြည့်ပြီး
"အိမ်ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်
စီနီယာအစ်ကို"

ဘယ်သူ သိမှာလဲ ယဲ့ဖေးချန် လည်း ကားပေါ်က ဆင်းလာတယ် ။ သူက လော့လော့ ကို
ချောင်မိုယွီရဲ့လက်မှဆွဲယူလိုက်ပြီး သူမအစား လော့လော့ကို သူ့ပုခုံးပေါ်တင်ပြီးခေါ်ခဲ့တယ်။

လော့လော့ဟာ ပုခုံးပေါ်အတင်ခံလိုက်ရတော့ သူ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး ရယ်မောလိုက်တယ်။
လေထုက ချက်ချင်း လျော့ပါးသွားခဲ့တယ်။

ယဲ့ဖေးချန်ဟာ ချောင်မိုယွီရဲ့ရပ်ကွက်ထဲသို့
လိုက်သွားပြီး သူမ တိုက်ခန်းရှိ ဓာတ်လှေကား
ကို ရောက်သည်အထိ လိုက်သွားခဲ့သည်။
ထိုမှပင် လော့လော့ကို ချပေး၍
လော့လော့က ဆင်းလိုက်သည်။ ချောင်မိုယွီ
ကို ကြည့်ရင်း သူ့မျက်လုံးတွေက နွေးထွေးမှုနဲ့အတူ "မိုယွီ မင်းရဲ့အဖြေကို ငါစောင့်နေတယ်" လို့ပြောလိုက်တယ်။

ဟေ့!တောင်းဆိုချက်ထုတ်တဲ့သူက သူဆိုတာ ရှင်းပါတယ်။ ဘယ်လိုဖြစ်လို့ သူ့ပုံစံ
သူ့သဘောထားက တစ်စုံတစ်ယောက်ကို
ပစ္စည်းတစ်ခုခုကို အရောင်းအဝယ် အတင်းလုပ်ခိုင်းသလိုမျိုး ဖြစ်နေရတာလဲ?

စီအီးအို ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《မြန်မာဘာသာပြန်》Where stories live. Discover now