Take My Dimple-21

228 32 11
                                    

"ဂျောင်ဝန်း အလောတကြီးမဆုံးဖြတ်ပါနဲ့"

ဒုဥက္ကဌက ကျနော့်ကို ကြည့်ကာပြောသည်

"အခုချိန်မှာ ဂျေးကြောင့် ဒီလိုဆုံးဖြတ်လိုက်ရင် အကိုတို့နှစ်ယောက်လုံးအတွက် မကောင်းဖြစ်ကုန်မယ်"

"ကျနော်တကယ်ပြောတာပါ ဒုဥက္ကဌ"

"အကို အိမ်ကို အချိန်ဆွဲထားလိုက်မယ် ညီသေချာပီဆိုမှ အကို့ကိုအဖြေပေးပါ အဲ့ကျရင်တော့ ပြန်ပြောင်းလို့မရတော့ဘူးနော်"

ကျနော်လည်းခေါင်းငြိမ့်ကာ ဒုဥက္ကဌပြောတာကိုပဲ လက်ခံဖြစ်လိုက်သည်

———-

သုံးရက်... နောက်သုံးရက်နေရင် ကျနော်အရမ်းချစ်ရတဲ့ အကို့ကို သူများလက်ထဲ အပြီးအပိုင်ထည့်ပေးရတော့မယ်.. ကျနော်ထိုအကြောင်းကို မတွေးမိအောင်နေသော်လည်း သွားသမျှနေရာတိုင်းမှာ အကိုတို့ရဲ့ မင်္ဂလာသတင်းက နားနဲ့မဆန့်အောင်ပင်ဖြစ်နေသောကြောင့် ခွင့်ယူကာအိမ်မှာပဲနေဖြစ်သည်

'ကလင် ကလင်'

ဖုန်းလာလို့ ကြည့်လိုက်တော့ unknown contact... အလုပ်ကိစ္စများလားဟု ကိုင်လိုက်တော့

"ဂျောင်ဝန်းလား"

"ဗျာ ဟုတ်ပါတယ်"

"အကို ပက်ဆောင်းဟွန်းပါ"

အကိုဆောင်းဟွန်းက ကျနော့်ဆီဖုန်းဆက်လာတယ်ဆိုတော့ အံ့ဩသွားတာအမှန်ပင်

"ဟုတ် စီနီယာ.. မတွေ့ရတာတောင်ကြာပီနော်"

"အခု အကိုတစ်ခုမေးကြည့်လို့ ဂျောင်ဝန်းဆီကို ဂျုံဆောင်းဆက်သွယ်လာသေးလား"

"ကျနော် သူနဲ့အဆက်အသွယ်မရတာ လေးရက်လောက်ရှိပီ"

"ကျစ်... ဒီနေ့သူ့ဆီ ဆက်သွယ်တာ မရလို့ ပုံမှန်ဆို ဒီနေ့ အိမ်မှာပဲရှိပီး ကန်တော့ပွဲစီစဉ်တာ အိမ်မှာသွားရှာတာလည်းမတွေ့ခဲ့လို့"

"ကန်တော့ပွဲ? အကိုဂျုံဆောင်းက ဘလိုဖြစ်လို့.."

"ဒီနေ့သူ့အမေဆုံးတာ သုံးနှစ်ပြည့်လေ"

Take My Dimple Where stories live. Discover now