{132}

3.5K 658 39
                                    


Unicode

လော့ယွီရှင်းက လတ်တလောအိမ်မှာပဲနေဖြစ်နေပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်ကစလို့ ဘာအလုပ်မှ မရှိတော့ပေ။သူလွယ်လင့်တကူရထားသည့် ကြော်ငြာ အလုပ်တွေကျပြန်တော့လည်း ဖန်မိသားစုက ဖျက်ဆီးနေ၏။ဖြစ်ပျက်နေတာတွေအားလုံးရဲ့တရာခံ ကျိချင်းကျိုးအား နာကျည်းမိသည်။ဖန်ပါးပါးကို သတိမပေးလိုက်ရင် သူနဲ့ဖန်ယောင်ရွှမ်းကြားမှာ အငြင်းပွားစရာရှိလာမှာမဟုတ်။ဒါဆို ဖန်ယောင်ရွှမ်း အနုပညာလောကမှ ထွက်သွားမှာလည်း မဟုတ်။ထို့ပြင် ဖန်မိသားစုကလည်း သူ့ပေါ် ဒေါသတွေပုံချလာကြမှာ မဟုတ်ပါ။

သူက ရပ်နေရပေမယ့် ကျိချင်းကျိုးရဲ့ဇာတ်ကားကတော့ အလွန်အမင်းအမွှမ်းတင်ခံနေရလေသည်။Golden Laurel Awardဆုအတွက်တောင် ယာထားခံတေရ၏! ဘာကြောင့်လဲ? ဘာလို့ ကျိချင်းကျိုးကျ အရမ်းအဆင်ပြေချော့မွေ့နေရတာလဲ! သူကတော့ကံစီမံရာဆိုပြီး လက်သင့်မခံလိုက်နိုင်ဘူး။ကျိချင်းကျိုးကိုလည်း သူနဲ့တူညီတဲ့ အခြေအနေမျိုး ခံစားရစေချင်တယ်။သူ ဖန်ယောင်ရွှမ်းကို ဆုံးရှုံးသွားပြီး အရင်းအနှီးတွေ ဖျက်ဆီးခံလိုက်ရသဖြင့် အစီအစဉ်တစ်ခုရဖို့ အချိန်တစ်ခုယူထားရသည်။ကျိချင်းကျိုးသာ တစ်ခါလောက် ချူချန်ကို ဆုံးရှုံးလိုက်ရတာနဲ့ သူ့လက်ရှိ ကျော်ကြားမှုတွေလည်း ပျောက်ကွယ်သွားမှာပင် ။

ချူချန်နဲ့ကြိုးစားကြည့်ပြီးပေမယ့် အလုပ်မဖြစ်ပေ။ဆိုမှတော့ ကျိချင်းကျိုး ဘက်ကနေ ဘာလို့ မကြိုးစားသင့်ရမှာလဲ။ကျိချင်းကျိုး အမေသာ ချူချန်နဲ့ သဘောမတူရင် နေမကောင်းတဲ့အမေလုပ်သူကြောင့် ကျိချင်းကျိုးလည်း သူမအလိုကျ သဘောတူရလိမ့်မည်။အဲ့နောက်ပိုင်း သူ့မှာ မှီခိုစရာမရှိတော့ဘဲ ကိုယ့်အားကိုယ်ကိုးရတော့မှာဖြစ်၍ မိမိနဲ့အခြေအနေတူဖြစ်သွားလိမ့်မည် ။

ထိုအတွေးတွေကြောင့် ဒီအစဉ်က လက်တွေ့ကျတယ်ဟု လော့ယွီရှင်းခံစားရသည်။သူ့ကိုယ်သူ မိတ်ကပ်ပြင်ပြီး မျက်မှန်ဝတ်လိုက်ကာ ဝမ်ဖန်းရှိတဲ့ဆေးရုံဆီသွားဖို့ ပြင်လိုက်သည်။
မား ...ကျွန်တော်တို့က သူငယ်ချင်းတွေပါ။ မားရဲ့ စရိတ်ကို ထောက်ဖို့ ကျိချင်းကျိုးက ယောက်ျားတစ်ယောက်နဲ့ လ‌ွန်လွန်ကျူးကျူးနေခဲ့ရပါတယ်။ဒါပေမယ့် အဲ့လူက မိသားစုနောက်ခံတောင့်လွန်းလို့ ချင်းကျိုးကို တကယ်ကြိုက်နေတာလား ကစားနေရုံပဲလားဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး။သူက ကျိချင်းကျိုးနဲ့ မတန်ဘူးမား.....

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now