[133]

3.5K 631 25
                                    

Unicode

ကျိချင်းကျိုးသည် အိမ်မှာ နောက်တစ်နေ့လောက် အနားယူပြီးနောက် အရင်တစ်ခေါက်က ပရိုမိုးရှင်း road show မှာ ပါရန်ပြန်သွားခဲ့သည်။

သူ့ကို မြင်တော့ လျန်ကျင်းရှင်က တန်းမေးလာသည်။

“အနားယူပြီးပြီလား”

ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်ကာ-

“ကောရောပဲ။လတ်တလောအလုပ်ရှုပ်တာတွေပြီးရင် အနားယူလိုက်ပါဦးလား?”

“အင်း” လျန်ကျင်းရှင်က အသံပြုသည်။

“စကားမစပ်....《48နာရီပြိုင်ပွဲ》မှာ ပါဦးမလား”

“ပါမှာလေ”

အဲ့တုန်းက အစီအစဉ်တင်ဆက်သည့် ဒါရိုက်တာအား သူ့အပိုင်းတွေကို လိုက်မဖျက်မချင်း ထုတ်လွှင့်ပြီးလို့ သူနာမည်ကြီးလာတာနဲ့ အစီအစဉ်အား ဈေးသက်သာစွာဖြင့် ပါဝင်ပေးမှာဖြစ်ကြောင်း ပြောထားဖူးသည်။စကားနဲ့ပဲ သဘောတူထားခြင်းဖြစ်ပြီး နောက်ပိုင်း ကျိုးချန်ဖုန်းက ဖျက်သိမ်းလိုက်ပေမယ့် နောက်ဆုံးတော့လည်း ဒါက အနုပညာလောကပင်။ 《48နာရီပြိုင်ပွဲ》က နာမည်အတော်ရတဲ့ ရှိုးတစ်ခုဖြစ်ကာ ရိုက်ကူးရေးအဖွဲ့ သူ့ကို ဖိတ်ခေါ်လာတဲ့အချိန် သူဘက်ကလည်း ရိုက်ကူးရေးအဖွဲ့ပေါ် မျက်နှာသာပေးရလိမ့်မည်။

“ကောရော?”

“ကိုယ်လည်းပါမှာ”

ကျိချင်းကျိုး အံ့ဩသွားကာ-

“ကောမပါတော့ဘူးလို့ ကျွန်တော်ထင်နေတာ”

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း လျန်ကျင်းရှင်းကဲ့သို့ နာမည်ကြီး အနုပညာရှင်အများစုက ရသစုံရှိုးရိုက်ကူရေးမှာ ပါဝင်ခြင်းအား ရပ်လိုက်ကြပြီဖြစ်သည်။လျန်ကျင်းရှင်ကလည်း 《48နာရီပြိုင်ပွဲ》အစီအစဉ်နှစ်ခုတောင် ရိုက်ကူထားပြီးသားပင်။ဒီအစီစဉ်မှာပါ ပါလိမ့်မည်ဟု မထင်ထား။

“ဒီရသစုံရှိုးရိုက်ရတာ သောကမများဘူးလေ။ပိုက်ဆံလည်း အများကြီးရတယ်။ဒါ့ပြင်”

လျန်ကျင်းရှင်က သူ့ကိုကြည့်လာ၍-

“နောက်ရိုက်ကူးရေးမစခင် ပရိုဂရမ်ဒါရိုက်တာနဲ့ ကိုယ် ဆွေးနွေးဖို့လိုမှာ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now