Zg//
အလင်းရောင်က မှိန်မှိန်ပြပြ...။
ရောင်စုံမီးရောင်များက ပြိုးပြိုးပျက်ပျက်...။
အရောင်သွေးစုံလင်လှသော လူငယ်လူရွယ်တစ်ချို့သည် တေးသွားသံစဉ်အလိုက် ခန္ဓာကိုယ်အား လှုပ်ယမ်းကာ မြူးထူးလျှက်ရှိသည်...။
အဆင်းလှသော မိန်းမပျိုတို့၏ အကြည့်များသည် မီးရောင်စုံများ ခပ်မှိန်မှိန်ကျရောက်နေသော ထောင့်ဆုံးဝိုင်းသို့ ရန်ဖန်ရန်ခါကျရောက်နေ၏...။
လှောင်ထေ့ထေ့အကြည့်များအား ထုတ်လွှင့်တတ်သည့် အမျိုးသားငယ်တစ်ဦး။ အသက်အားဖြင့် ၁၇/၁၈လောက်သာ ရှိမည်...။...ပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းတစ်စုံက မထီဟန် အပြည့်...။...အနက်ရောင်ကိုသာ ဆင်ယင်ထားသော ထိုအမျိုးသားငယ်သည် အနက်ရောင် t-shirtပေါ်တွင် jacket အနက်ရောင်အား ၀တ်ဆင်ထားသည်။ ယောက်ကျားမာန်ပြည့်ဝသော လည်စလုတ်အား ဖုံးကွယ်သည့်အလို့ငှါ ပန်းရောင်နုနုလက်ကိုင်ပုဝါဖြင့် လည်တိုင်အား ခပ်လျော့လျော့စည်းနှောင်ထားသည်...။
ထိုလူငယ်၏ အရှေ့တွင်တော့ ပေါင်လည်လောက်သာရှိသော အနီရဲရဲdress အား ၀တ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးသည် ပြိုတော့မည့်မိုးပမာ ထိုအမျိုးသားငယ်အား ညိုးငယ်စွာ ကြည့်နေလေ၏...။
"ကမ္ဘာ...ရတီ တောင်းပန်ပါတယ်၊ ခုလိုမစပါနဲ့..."
"အဟက်!!"
ချောက်ကပ်ကပ်ရယ်သံနှင့် လှောင်ရိပ်သန်းသည့် မျက်ဝန်းနက်နက်တို့သည် ပျင်းတိပျင်းရွဲဖြစ်နေတာတောင် လွန်စွာကြည့်ကောင်းလှသည်...။
"ငါ့မှာ မင်းကို ကျီစယ်နေဖို့ အချိန်မရှိဘူး။ မင်းနဲ့တွဲရတာ ပျင်းသွားပြီမို့ လစ်လိုက်တော့..."
ထိုမျှသာပြောပြီး Alcohol 16%သာ ပါသော ၀ိုင်အား အရသာခံသောက်နေလိုက်သည်။ ထိုလူငယ်၏ အမည်သည် သင့်ကမ္ဘာမင်း ဖြစ်သည်။ အသက်မှာ ၁၈နှစ်ဖြစ်ပြီး Architecture major second yearဖြေထားလေ၏...။...၁၀နှစ်ကျော်အရွယ်ထဲကစ၍ ယခုအချိန်ထိ မြာပွေသည်ဟု လူသိများသည့် ထိုကောင်လေး၏ သတင်းသည် ဟိုးလေးတကြော်ကြော် မွေးလှပေမယ့် မိန်းမပျိုများသည် ထိုကောင်ငယ်လေး၏ စက်ကွင်းမှမလွတ်နိုင်ကြချေ...။...ဥစ္စာပစ္စည်း၊ ပညာအရည်အချင်းဘေးဖယ်ထား ရုပ်ရည်နဲ့တင် ထိုအမျိုးသားငယ် ခြေဖ၀ါးအောက် ၀ပ်ဆင်းပေးချင်ကြသူများသာ ဖြစ်သည်...။
أنت تقرأ
No one but you(မင်းမှမင်းပဲ){Complete}s1
عاطفيةadult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...