Description

13.8K 206 6
                                    


အန်းယွီဟာ မိဘမဲ့တယောက်ဖြစ်ပြီး တယောက်ထဲရုန်းကန်လာကာ ခုနှစ်ဆိုရင် သူဘွဲ့ရတော့မည်ဖြစ်သည်။ သူ့တွင်ပုံမှန်အလုပ်ကလေးရှိလာမည်ဖြစ်ကာ အေးအေးချမ်းချမ်းနေရမည်ဟု‌တွေးနေသော်လဲ မထင်မှတ်ထားစွာပင် ကားတိုက်ပြီးသေဆုံးရကာ ရှေးခေတ်၌ကောတယောက်အဖြစ်ကူးပြောင်းသွားတော့သည်။
သူ့ဟာ ရိုးရိုးရွာလေးက မိဘမဲ့ကောတယောက်သာဖြစ်ပြီး တခြားကောတွေလို ပိန်ပိန်ပါးပါးသွယ်လျှတဲ့ သူမျိုးမဟုတ်ပေ။ သူ့တွင် ၆ပေလောက်ရှိတဲ့အရပ်အမောင်းနဲ့ ကြီးမားတဲ့ ကိုယ်လုံးကိုယ်ပေါက်အပြင် တောင်တင်းတဲ့ရင်အုပ်ကြီးပါရှိသည်။ ဘယ်သူမှကောတယောက်ဟုထင်မည်နည်း။ ရွာတွင် လယ်စိုက်ကာ အေးအေးချမ်းချမ်းနေခဲ့သော်လည်း ‌တနေ့တွင် သူ့ကမ္ဘာကြီး ပြောင်းလဲသွားရသည်။
အရှင်ဘုရင်၏ မယ်တော်မှာ သူ့အဒေါ်ဖြစ်လာခဲ့ပြီး သူ့ဟာ အနိုင်ကျင့်နိုပ်စက်တတ်သည့် ကြမ်းတမ်းတဲ့ဘုရင်၏ မိဘုရားဖြစ်လာသည်။ မောင်းမဆောင်မှ ကိုယ်လုပ်တော်များက သူ့အားမျက်မုန်းကျိုးသည့်အပြင် ထိုဘုရင်မှလဲ သူ့အားသတ်ချင်လောက်အောင်အမြင်မကြည်ပေ။ သူ့အား အနိုင်ကျင့်တတ်သလို တချိန်ထဲမှာပဲ ပြင်းပြသည့် ပိုင်ဆိုင်လိုစိတ်လဲရှိနေသေးသည်။ ချောမော ခန့်ညားလှသည့် မျက်နှာနှင့် သူ့ထက်အရပ်မြင့်ကာ သူ့ထက်အသက်၁၀နှစ်ခန့်ငယ်သော လူကို မော့ကြည့်မိသည်။ သူတို့မှာ အနာဂါတ်‌ဆ်ုတာရှိပါ့မလား?။

不敢拒絕 (Big Boy fall in love with Yandere King)Where stories live. Discover now