အပိုင်း (၁၀၂)
မီးရောင်မှိန်မှိန်လေးထဲတွင် သူ(မ)မျက်နှာက မြူအထပ်ထပ် အုပ်ကာထားသလိုမျိုးပင်။
သူ(မ)မျက်လုံးများက စိုစွတ်နေပြီး အရည်ကြည်များဖြင့် ဝေ့ဝဲကာ မျက်ဝန်းပတ်ပတ်လည်က နီရဲနေခဲ့သည်။
ရှန်းရီသည် လက်ချောင်းထိပ်လေးဖြင့် သူ(မ)မျက်ရည်များကို သုတ်ပေးပြီး “အမ်း” ဟုသာ ဆိုကာ ဘာမျှထပ်မပြောလာချေ။
လုဝမ်ဝမ်သည် သူ့အား သနားချင့်စဖွယ်ကြည့်ကာ ငိုရှိုက်သံများဖြင့် ဆိုလိုက်သည်။
“နင် မားကို ခေါ်ပေးလို့ရမလားဟင်၊ ငါ့ကို သူနဲ့ စကားပြောခွင့်ပေးလေနော် အဲ့ဒါမှ ငါ စိတ်ဖြောင့်ဖြောင့်နဲ့နေလို့ရမှာ မဟုတ်ရင် ငါ ဒီညအိပ်ပျော်မှာ မဟုတ်တော့ဘူး၊ ငါ မအိပ်ရင် ကလေးလေးလည်း အနားယူလို့ရမှာမဟုတ်ဘူး”
ရှန်းရီသည် မူလက ပြန်မဖြေသေးချေ။
လုဝမ်ဝမ်သည် သူ့မျက်နှာကို ကြည့်ရင်း သူ(မ)နှလုံးသားမှာ လှုပ်ခါသွားရသည်။ ဤချောမောခန့်ညားသည့် မျက်နှာလှလှလေးက ကြည့်မိသည့်အချိန်တိုင်း သူ(မ)နှလုံးသားကို အခုန်မြန်စေ၏။
သူ(မ)သည် လက်ကို ဆန့်ထုတ်ကာ သူ၏ပါးပြင်များကို ကိုင်ပြီး သူ့နှုတ်ခမ်းထက် အနမ်းတစ်ပွင့်ပေးကာ ချိုမြိန်စွာ မြှောက်ပင့်လိုက်သည်။
“ငါက နင့်ကို အချစ်ဆုံးပဲလေ”
စောင်သည် သူ(မ)ခါးထက်မှ လျှောကျသွားပြီး ရှန်းရီက ဂရုတစိုက်ဖြင့် သူ(မ)ကိုယ်ထက်ကို ပြန်ခြုံပေးရင်း ပြုံးလေ၏။
“မရဘူး”
လုဝမ်ဝမ်မှာ ကြောင်အမ်းသွားရသည်။
ရှန်းရီက ဆက်၍ : “ဝမ်ဝမ် တကယ်လို့ ဒီကိစ္စကို မင်းအမေ သိသွားခဲ့ရင်တောင်မှ သူ မင်းကို ခေါ်သွားလို့မရနိုင်ဘူးဆိုတာ မင်း နားလည်ထားရမယ်”
“အခုချိန်မှာ မင်းမျှော်ကိုးလို့ရတဲ့ တစ်ဦးတည်သောသူက ကိုယ်တစ်ယောက်တည်းပဲ”
ထိုအချိန်ကလည်း သူ(မ)သည် သူ့ကိုလှည့်စားပြီး ထိုတူညီသည့် စကားလုံးများကိုပင် အသုံးပြုကာ သော့ကို ခိုးပြီး အဆောက်အအုံပေါ်မှ ခုန်ချခဲ့သည်မဟုတ်လား။
BẠN ĐANG ĐỌC
HOL(မူပိုင်ရှင်)
Lãng mạnHis One Love 1)လုဝမ်ဝမ် ♡ ရှန်းရီ ♥မည်သူမဆို၊ မည်သည့် 'ထွမ်ဂရု' မဆို ယူပြန်နိုင်ပါသည်❤
