🚨🚨🚨The End! !

25.5K 285 5
                                        

"ကျွန်တော်ပိုင်သော ညို"ဆိုတဲ့ ဝတ္ထုဟာ
အချစ်ဝတ္ထုသီးသန့်မဟုတ်တဲ့မိသားစုဝတ္ထုတို! ဇာတ်လမ်းအကျဉ်းလေးတစ်ခုရယ်ပါ။
ကိုကြီးနဲ့မေသဲညိုကို ဦးစားပေးပြီး
ရေးထားတဲ့ အပိုင်းတိုင်းကလည်း
မများသလို သူ့နေရာနဲ့သူ ဖြစ်တည်လာတဲ့
အကြောင်းအရင်းတွေကို ပုံဖော်ပြီး ရေးသားထားခြင်းဖြစ်ပါသည်။

စစ်မင်းထက်နဲ့နေစွမ်းမဟာက
အမေတူအဖေကွဲမို့လို့ ညီအစ်ကိုသံယောဇဉ်ပေါက်ဖွားလာဖို့ အချိန်ပေးရမှာဖြစ်တာကြောင့်
ဒီဝတ္ထုထဲမှာ ဆက်လက်မရေးသားတော့
ဘဲ နောက်လာမယ့် "ကိုယ့်ရဲ့ ဗီလိန်နတ်သမီး"
ဆိုတဲ့ ဝတ္ထုလေးမှာ အား‌ပေးကြပါနော်။

ဟုတ်ပြီ...အခုစပြောမယ့် လူတွေရဲ့အကြောင်း။

သော်မင်းဆက်ဆိုရင်မေသဲညို‌အပေါ်
ဖြူစင်တဲ့မေတ္တာထားကာ မေသဲဘဝလေး
အထက်တန်းအောင်မြင်အောင်တဲ့အထိ
ကျူရှင်ကအစ သူကိုယ်တိုင်လိုက်ထားပြီး
Supporting လုပ်ပေးတဲ့ အခန်းကဏ္ဍကပါ။
သံယောဇဉ်ကို အချစ်ထင်နေချိန်
တကယ်တမ်း အချစ်စစ်က ဘာလည်းဆိုတာ
သူသိသွားတဲ့ အချိန်?

ဒေါ်စိန်မမဟာဆိုရင်လည်း ‌ဒီကလေးသုံးဦးကို
သနားကြင်နာစိတ်ကြောင့် ‌မွေးစားလိုက်တဲ့
အချိန်ကစပြီး သူတို့ဘဝအခြေကျတဲ့အထိ
အရိပ်အာဝါသကြီးတစ်ခုလို အေးချမ်းတဲ့
အအေးဓာတ်ပေးသူ။

ဒေါ်တင့်တင့်ရီဟာလည်း ပထမယောကျာ်း
ဆုံးပြီး နောက်ယောကျာ်းနဲ့ချစ်ကြိုက်ခဲ့တယ်။
တစ်ဦးနဲ့တစ်ဦး ငြိစွန်းသွားကြတော့
ဂုဏ်တွေ၊သိက္ခာတွေကိုမှ တန်ဖိုးထားတဲ့သူမက
ကလောကနေ ရန်ကုန်ကို ဗိုက်တစ်လုံးနဲ့ပြန်လာပြီး သူ့အ‌မေ ဒေါ်စိန်မမ မသိအောင်
ကလေးကိုတိတ်တိတ်ပုန်းမွေးပြီး စွန့်ပစ်ခဲ့တဲ့သူ။
သူကိုယ်တိုင် စွန့်ပစ်ခဲ့လို့ နောင်တရတဲ့အချိန်မှာတော့ သူနဲ့ငြိစွန်းခဲ့တဲ့ ယောကျာ်းက သားဖြစ်သူကို ပြန်ခေါ်ယူကျွေးမွေးခဲ့တာကို သိလိုက်ရပြီးနောက်...??

ဦးမင်းမဟာမြတ်က သူ့သားကို သူများတွေထက်
သာစေချင်တဲ့စိတ်! သားဖြစ်သူအား သူ့မွေးတဲ့
အမေဆိုတဲ့ အမျိုးသမီးကို မုန်းတီးစေချင်တဲ့
စိတ်တွေ ထည့်သွင်းပေးခဲ့ပေမယ့်
တကယ်တမ်း မေတ္တာငတ်ခဲ့ရတဲ့ သားဟာ
‌အမေ့ကိုချစ်တယ်လို့ ပြောလိုက်တဲ့အခါ...။

ကျွန်‌တော် ပိုင်သော ညို🤎Where stories live. Discover now