𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻 ⧸⧸ 𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜 ❮𝗭𝗮𝘄𝗴𝘆𝗶❯

265 8 3
                                    

က‌မျောသောပါး လှုပ်ရှားနေသော လူတစ်ယောက်ဟာ ရေကန်အား ဖြတ်ရန် ဆောက်လုပ်ထားသော အမိုးပါ သစ်သားတံတားအား ခြေဖြင့် နင်းလိုက်သည်။

နေရောင် ဖိတ်ဆင်ကျနေသည့် သာမန်အားဖြင့် လှပခဲ့သော စိမ်းပြာရောင် ရေကန်ဟာလည်း ယခုဆိုလျှင် အမျိုးသားအတွက် မလှပတော့။

ရှုစားမိတိုင်း ချီးကျူးခဲ့သော စိမ်းစိမ်းစိုစို သဘာဝ အလှအပများကိုပေ ယခုတွင်တော့ တစ်ချက်တောင် စောင်းငဲ့ မကြည့်နိုင်တော့ပါလေ။

အိမ်တော်တွင်း ပေါ့ပေါ့ပါးပါး ၀တ်ဆင်သော နူးညံ့သည့် အဖြူရောင်ဝတ်ရုံ၏ ပိုးသားစများက လေထဲ တလူလူ လွင့်လျက်။

မြန်ဆန်တဲ့ လှုပ်ရှားမှုတွေကြောင့် မဟော်ဂနီရောင်စိုစို ခြုံလွှာ၏ အနားစနှစ်ဖက်အား တွဲချိတ်ထားသော ရွှေကြိုးကလေး၌ တွဲလဲခိုနေကြသည့် ရွှေစကလေးကများကပေ တချွင်ချွင် အသံပေးနေကြသည်။

"ဦးရီးတော်…"

အနောက်က လိုက်လာသော ခပ်လောလော အသံကြောင့် ဦးရီးတော်က အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

ခပ်ငယ်ငယ် လက်ဝဲရံကလေးဟာ အနက်ရောင် ၀တ်ရုံနှင့် အောက်အဖျားနားတွင် ရွှေရောင် အခတ်များ ပါသော လိမ္မော်ညိုရောင် စိုစို ခါးစည်းစ ပါးပါးအား ၀တ်ဆင်ထားပြီး သိမ်ငယ်သော ခါးထက်၌ အပြားကြီးကြီး အနက်ရောင် ခါးရန်းကြိုးအား တင်းကျပ်နေအောင် စီးထား၏။

"ခံတပ် ၃၂ က လူ ၃၀ အထူးတပ်ဖွဲ့ အသင့် ဖြစ်ပြီ"

ကောင်ငယ်လေး၏ နဖူးထက်၌ ချွေးစကလေးများက တွဲလဲခိုလျက်။

သာမန် အပြောင်သိမ်းနေကျ လှိုင်းတွန့်ကလေးများလို ညာဖက်ဆံသားတစ်ခြမ်းဟာလည်း ယခုတွင်တော့ ပါးရိုးထက် ဝဲကာကျလို့။

မမျှော်လင့်ထားသော ဧည့်သည်ကြောင့် အိမ်တော် တစ်ခုလုံး ယောက်ယက်ခတ်အောင် အလုပ်ရှုပ်နေကြရသည်။

"ကောင်းပြီ လောလောဆယ် စစ်သည် ငါးယောက်နဲ့ မြင်းတွေကို အသင့်ပြင်ထား စားဖိုဆောင်ကိုလည်း ကြာရှည်ခံတဲ့ အစာခြောက်တွေနဲ့ ရေကိုပဲ အဓိက ပြင်ပေးဖို့ ပြော ပြီးတော့ အ၀တ်တွေနဲ့ ရွက်ထည်ရုံ အတွက် အစအကြီးတွေ ပါတာ ကျိန်းသေပြီလား?"

𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻  ▍𝗛𝗲𝗲𝗛𝗼𝗼𝗻Where stories live. Discover now