𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻 ⧸⧸ 𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗜𝗜 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

446 47 39
                                    

"ထပ်ပြီး ဒီနေရာပဲ"

ဂျယ်ယွန်းက စိတ်ညစ်ညူးစွာ ပြောသည်။

ဂျယ်ယွန်း အလားတူ ဦးရီးတော် ဟာလည်း စိတ်ရှုပ်စွာ ပတ်၀န်းကျင်အား ပတ်ကြည့်မိ၏။

ခပ်အုံ့အုံ့ သစ်ပင်တွေကြား နေရာလပ်တစ်ခု။

မြေပြင်က အနည်းငယ် စိုစွတ်နေပြီး မညီမညာ ချိုင့်ခွက်များနှင့် ကြမ်းတမ်းသည်။

ကြီးမားတဲ့ သစ်ပင်ရှည်ကြီးတွေက အနား၌ များပြားစွာ ပေါက်ရောက်နေပြီး ချုံနွယ်ပိတ်ပေါင်းများကလည်း ထူထူထပ်ထပ်ဖြင့် တောထနေသည်။

ညနေစောင်းရုံ မကလို့ လပါထွက်နေပြီ။ ဦးရီးတော်တို့က ဤနေရာ၌ တဝဲလည်လည် လမ်းပျောက်နေဆဲ။

ဂျယ်ယွန်းက မြင်းပေါ်က ဆင်းပြီး သစ်ပင်ကြီးတစ်ခု၌ စိုက်နေသော သူ၏ မြားအား ဆင်းကာ နှုတ်၍ မြားကျည်တောက်ထဲ ပြန်ကာ ထည့်၏။

ထို့နောက် အင်္ကျီ ရင်ဘတ်ထဲ ထည့်ထားသော ပြေပုံအား ထုတ်ကာ မျက်မှောင်တွေ ကြုတ်လျက် ကြည့်သည်။

မြေပုံတစ်ခု လက်ကကိုင်ရင်း တောမှောက်နေသည်အား ဂျယ်ယွန်းက အတော်လေး မနှစ်ခြိုက်ပုံရ၏။

ဒီအတိုင်း ဆက်သွားရင် လမ်းရှာရင်းသာ သူတို့ အားကုန်ကြမည်။

မြင်းတွေကလည်း ပင်ပန်းနေလောက်ပြီ။

ဦးရီးတော်က မြင်းပေါ်က ဆင်းရင်း မြင်းအား ဇက်ကြိုးမှ ဆွဲကာ သစ်ပင်ကြီး တစ်ခုနားသို့ ခေါ်သွားလိုက်၏။

"ဒီည ဒီမှာပဲ နားကြရအောင်"

ပြောရင်း မြင်းအား သစ်ပင်နှင့် တွဲလျက် ဦးရီးတော်က ကြိုးချည်ရန် လုပ်လိုက်သည်။

"ငါတို့က မှော်ပညာ ကြီးစိုးတဲ့ နယ်မြေထဲ ရောက်နေတယ် ဆိုတာ မမေ့နဲ့"

ဦးရီးတော် စကားအဆုံး စစ်သည်များက 'ဟုတ်ကဲ့ စစ်သူကြီး' ဆိုသော စကားအား ပြိုင်တူပြောကြပြီး သူတို့ဟာလည်း စီးလာသော မြင်းများပေါ်မှ ဆင်းကြ၏။

"ကောင်မလေး… ရေသောက်ချင်လား?"

သေနာပတိက မေးတော့ သေနာပတိ၏ မြင်းအလိမ္မာလေးက ဟီသံပေးလျက် အဖြေပေး၏။

𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻  ▍𝗛𝗲𝗲𝗛𝗼𝗼𝗻Where stories live. Discover now