အပိုင်း (၄၀) ဒါက ရှင် တောင်းပန်တဲ့ပုံစံလား

3.8K 313 0
                                        

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၄၀) ဒါက ရှင် တောင်းပန်တဲ့ပုံစံလား

သို့သော် သူ မသိခဲ့သည်က ဒါသည် ငွေပမာဏ မည်မျှတန်သည်ဖြစ်စေ ကုချင်းယွီ၏မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်သည်ကိုပင်။ ထို့ထက်ပိုသည်က...

သည်အချိန်၌ လက်ရှိကုချင်းယွီ၏ မျက်လုံးထဲက သည်လက်စွပ်သည် ကမ္ဘာပေါ်က အရောင်တောက်နေသည့် ကျောက်တုံးတစ်ခုသာ ဖြစ်လေသည်။ သူမ၏ဂြိုဟ်ပေါ်တွင် ထိုသို့သော အရောင်ထွက်နေသည့်ကျောက်မျိုး အများအပြားရှိခဲ့သည်။

“ဒီလိုပစ္စည်းမျိုးက... ငွေအများကြီး တန်သတဲ့လား”

သူမသည်  မျက်နှာပေါ်တွင် အားကျသည့်အမူအရာဖြစ်နေသည့် အစေခံမလေးကို ကြည့်လိုက်ပြီး တွေးတောလိုက်တော့သည်။

သိပ်ဆိုးတာပဲ။ ငါလေးရဲ့ဂြိုဟ်က ဒီနေရာနေ သိပ်ဝေးနေလို့ပေါ့ကွာ။ မဟုတ်လို့ကတော့ သူတို့ရဲ့ဂြိုဟ်က နေထိုင်ဖို့ မသင့်တော်တော့ဘူးဆိုရင်တောင် နည်းနည်းလောက်ယူပြီး ဒီနေရာမှာ ပြန်လာရောင်းလို့ရတယ််။

သူတို့ဂြိုဟ်မှာဆို များလွန်းလွန်းလို့မှ ဘယ်သူမှတောင် မကောက်ချင်ဘူး။

နောက်ဆုံးတော့လည်း ဒါက အထဲမှာ စွမ်းအင်မပါတဲ့ ကျောက်တုံးတစ်တုံးဆိုတော့ ကြည့်လို့သာ ကောင်းတာလေ သုံးလို့လဲမရ စားလို့လဲမရနဲ့ပါ။

ဒါပေမဲ့...

အခုတော့ ငါလေး ဒါကို လက်ခံထားရမယ်။

ဘာလို့လဲဆိုတော့ အဲဒီအောင်မြင်မှုက သူလက်ထဲမှာ ဆုပ်ကိုင်မိထားပြီးလို့ သူ့ကို ထင်စေချင်လို့လေ။ ပြီးမှ.....

သူ့ကို ကောင်းကောင်း ရိုက်ပေးရမယ်။

“ ကိုယ့်ကို ခွင့်လွှတ်ပါနော် ၊ ခွင့်လွှတ်မယ်မလားဟင်”

သူမရှေ့က ယောက်ျားသည် အနှိုင်းမဲ့ကြင်နာမှုဖြင့် ပြောနေလေသည်။

“ ကိုယ်မှားခဲ့ပါတယ်... ဒါကြောင့် ကိုယ် ညီမကို ထပ်ပြီး လက်ထပ်ခွင့်တောင်းနေတာပါ၊ ညီမ ကိုယ့်ကို လက်ထပ်မှာလားဟင်၊ ချင်းယွီ....”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now