ကျော်မယ်ခွမယ် ကျောင်းပိတ်ရက်ဖြစ်တဲ့စနေနေ့သို့
ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်fourth တယောက် ပျင်းတာနဲ့ ပန်းခြံထဲကို လမ်းလျှောက်ထွက်လာလိုက်တယ်။သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်းတေကို သူ့အားပလစ်ထားလို့ဆိုပြီး စိတ်ကောက်နေလေရဲ့။တကယ့်မနိုင်စိန် ကလေးလေးပါ fourthက။
ခုလည်း တယောက်ထဲလမ်းလျှောက်ထွက်လာတော့လည်း ဘာမှလုပ်စရာမရှိ။အဲ့တာနဲ့ fourthလည်း ရေခဲမုန့် 1ဗူးဝယ်ကာ ပန်းခြံထဲက ခုံတန်းရှည်လေးမှာ ထိုင်နေလိုက်တယ်။
သူထိုင်နေတုံး အနောက်က အသံကြားလို့ လှည့်ကြည့်မိရာ ပြုံးနေရာမှ ချက်ခြင်းမဲ့သွားမိတယ်။အနောက်ကလူကတော့ အခြားသူမဟုတ်။gemini norawitပင်။
geminiလည်း fourthဘေးနားမှာ ဝင်ထိုင်လိုက်ကာ fourthအတွက် ဝယ်လာတဲ့ လက်ပတ်လေးအား ပေးလိုက်သည်။
''ရော့..''(gemini)
''ဘာရီးလဲ။''(fourth)
''လက်ပတ်လေ။''(gemini)
''ဘာအတွက်လဲ။''(fourth)
''ငြိမ့်းချမ်းရေးအတွက်။''(gemini)
''ဘာငြိမ်းချမ်းရေးအတွက်လဲ။''(fourth)
''မင်းတို့နဲ့ သူငယ်ချင်းဖြစ်ချင်လို့။'(gemini)
''အော်...''(fourth)
''ရလားဟင်။''(gemini)
''မရဘူး။''(fourth)
''ဘာလို့လဲကွာ။''(gemini)
''ငါတယောက်ထဲ ဆုံးဖြတ်လို့မရဘူးလေ။''(fourth)
''ဘာလို့လဲ။ကိုယ်က မင်းလေးတယောက်ထဲနဲ့သူငယ်ချင်းဖြစ်ချင်တာလေ''(gemini)
'ဒီကောင် ဘာဖြစ်နေတာလဲ။'လို့ fourth တယောက်တွေးလိုက်တယ်။
''မင်းဆေးမှားသောက်ခဲ့တာလား။''(fourth)
''အင်းး သောက်ခဲ့မိတယ်ထင်တာဘဲ အချစ်ဆေးလေ။''(gemini)
''မင်းဘာတေဖြစ်နေတာလဲ။ငါ့ကိုလာကစားနေတာလား။''(fourth)
''ကိုယ်မင်းကို မကစားပါဘူး။အတည်ကြံတာ။''(gemini)
''ဘာ!!''(fourth)
geminiရဲ့ပြောလိုက်တဲ့စကားကြောင့် fourthတယောက်ရှက်သွားသည်။fourthလည်းရှက်ရှက်နဲ့ ထအော်လိုက်တယ်။
YOU ARE READING
The Enemy(ရန်သူ)
Fanfictionဒါကတော့ lianရဲ့ ဒုတိယမြောက်geminifourth fictionလေးပါ။အရင်တပုဒ်က အရမ်းပေါ့သွားသလို ဖြစ်သွားတယ်။အဲ့တာကြောင့် ဒီတပုဒ်ကို အတတ်နိုင်းဆုံး ကြိုးစားပြီး ရေးပေးပါမယ်နော်။အမှားပါရင် ခွင့်လွှတ်ပါနော်။
