𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻 ⧸⧸ 𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗩 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

436 51 98
                                    

မောက်မာသော မင်းသားငယ်ဟာ အကြောင်းမဲ့ ပြဿနာရှာတာမျိုးတော့ မရှိလှတာကြောင့် ခရီးလမ်းဟာ အဆင်ပြေပြေ ချောချောမွတ်မွတ် ရှိခဲ့သည်။

သို့သော်…။

နားထဲ လွင့်ပျယ်လာသော ဗျပ်စောင်းသံ သာသာ။

ဂျယ်ယွန်း က မျက်လုံးများအား တင်းနေအောင် ဖိပိတ်လိုက်သည်။

ထပ်ပြီးတော့…!!

"အရှင့်သားက ပန်းသီး သုံးဆောင်ချင်‌နေတယ် ငါတို့ ခဏနားမယ်"

ပန်းသီး…?

သစ်တောအလယ်၌ ပန်းသီးအား အဘယ်အရပ်က ရမည်နည်း?!

သို့သော်လည်း တမန်တော်၏ အလိုတော်မို့ ဦးရီးတော်က တပ်ဖွဲ့အား လက်ထောင်လျက် ရပ်တန့်စေခဲ့သည်။

ဒါနဲ့ဆို ယနေ့ မနက်ကတည်းက သူတို့ နားရတာ သုံးကြိမ်သုံးခါတိတိ ရှိပြီ ဖြစ်သည်။

ရေသောက်ချင်တယ် ဆိုတာက တစ်မျိုး ၊ စပျစ်သီး စားချင်တယ် ဆိုတာက တစ်မျိုး ၊ ငါးကင် စားချင်တယ် ဆိုတာကတစ်မျိုး။

ပြီးတော့လည်း စကားကို စကားနဲ့ မပြောဘူး။

မည်သည့် မှော်အတတ်နှင့် စီမံသည်မို့ ထိုစစ်သူကြီးက သံစဉ်တွေရဲ့ ဘာသာစကားကို နားလည်သည်လဲ ဂျယ်ယွန်း တွေးတောင် မတွေးတတ်တော့။

မြင်းအား လှည့်ပြီး ဂျယ်ယွန်းက အနောက်သို့ မနှစ်ခြိုက်စွာ ကြည့်လိုက်သည်။

ထိုအချိန်၌ တိုးသည်က ‌ပုဆိန်အား ကျော၌ ချိတ်ထားသော တစ်ဘက်က အ၀တ်အစား ဆင်းရဲသည့် စစ်သူကြီး၏ အေးစက်စက် အကြည့်။

ဂျယ်ယွန်း တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်။

ဘာကြောင့်ရယ်များ မနက်ကတည်းက သူ့ကို စိုက်ကြည့်နေလဲ ဂျယ်ယွန်း နားတောင် မလည်တော့။

စစချင်း ဂါရ၀ ပြုကတည်းက သူ့အပေါ် ကပ်တွယ်နေခဲ့တဲ့ တည်ငြိမ်တဲ့ အကြည့်တွေကို ဂျယ်ယွန်း က မရည်ရွယ်ဘဲ မြင်ခဲ့ရသည်။

ရန်သူ့ ဘက်က စစ်သူကြီး ဖြစ်တာကြောင့် သိပ်ဘ၀င်မကျသည့် ခံစားချက်လည်း ရှိသည့် အပြင် ဦးရီးတော်အား တစ်လကျော် အိပ်ရာထဲ လဲစေခဲ့သော မျိုးရိုးစဉ်ဆက် နာမည်ကြီး စွမ်းအားမြင့် မီးမိစ္ဆာဖြစ်တာကြောင့် ဂျယ်ယွန်းက ၀န်မခံချင်သော်လည်း အနည်းငယ်တော့ ကြောက်ရွံ့နေခဲ့ပါ၏။

𝗧𝗵𝗲 𝗕𝗹𝗮𝗰𝗸 𝗦𝘄𝗮𝗻  ▍𝗛𝗲𝗲𝗛𝗼𝗼𝗻Where stories live. Discover now