_Unicode_
" ကမ္ဘာ...ကမ္ဘာ...တုကိုမှတ်မိလားဟင်"
ကမ္ဘာတယောက် အသိစိတ်ပြန်ဝင်လာပြီး အသံလာရာကြည့်လိုက်ရာ ဘယ်ကမှန်းမသိပေါ်လာသော အမတစ်ယောက် ကမ္ဘာ့ကိုသိလား လို့မေးလာသည်။ ရေမွှေးနံမွှန်ထူနေပြီး ဆံပင်တွင်အခွေအခေါက်များနှင့် ဒူးဖုံးရမည့်uniform skirt ကို တမင် အတိုဝတ်ထားသည်။ တော်တော်တော့ချောပါသည်
ပုရိသတို့လိုချင်တပ်မက်သော ခန္ဓာကိုယ်အချိုးအစားထက်ကိုသာလွန်၍ လှပါသည်။ ကမ္ဘာ့စိတ်ထဲတွင်တော့ အတုအယောင်များဆင်ယင်ထားသော လူသားတစ်ယောက်ဟု မြင်မိသည်။
"ဘယ်သူလည်းမသိဘူး.." တကယ်ပင် ကမ္ဘာ့ဘဝတွင် မိန်းကလေးမြောက်မြားစွာနှင့် တွေ့ဖူးဆုံဖူးသည်။ ထိုမိန်းကလေးများကိုလည်း ကမ္ဘာမမှတ်မိနိုင်။ ယခုမိန်းကလေးသည်လည်း ထိုမြောက်မြားစွာသော မိန်းကလေးထဲကတစ်ယောက်သာဖြစ်ပါလိမ့်မည်။
" အရင်အပတ်က အိမ်ဖြူတော်မှာဒယ်ဒီမိတ်ဆက်ပေးခဲ့တယ်လေ...မမှတ်မိလည်းကိစ္စမရှိပါဘူး.. တုက သံအမတ်ရဲ့သမီး ....တုနှိုင်းမမှီပါ.....အခုတော့မှတ်ထားပေးတော့နော်"
ချွဲပြစ်သောအသံဖြင့် ပါးစပ်ကိုလက်နှင့်အုပ်ကာ ငါးခူအပြုံးပြုံးနေသေးသည်။
"ဟုတ်"
တလုံးသာ ဝတ်ကျေတန်းကျေ ဖြေပေးလိုက်သည်။
" အင်းပါ..ဟုတ်ပါပြီ..ဒါဆို တုသွားတော့မယ်နော်.."
အပြုံးတုဖြင့်သာ ပြုံးပြပေးလိုက်သည်။ ပြတင်းပေါက်ထက် မျက်စိပြန်ရောက်သွားတော့ ကောင်လေးမရှိတော့ပေ။
...................
ဆရာမခေါ်၍သာ မိုးမြေ ရုံးခန်းသို့သွားရသည်။ ဇက်ကလည်း အဖော်လိုက်လာပေးသေးသည်။ တစ်ခြားတော့မဟုတ် ညနေ အမေ့ Carshow roomသို့လာ၍ ကြည့်ရာတွင်
မိုးမြေ လိုက်ရှင်းပြရင်းရွေးပေးဖို့ ဖြစ်သည်။ အတန်းစတက်တော့မည်ဖြစ်၍ ဆရာမရဲ့ laptopအိတ်ပါ တခါတည်းသယ်လာပေးလိုက်သည်။
ဆရာမအတန်းချိန်မပြီးခင် monitarခန့်ဖို့ မဲပေးကြသည်။ ထုံးစံအတိုင်း မိုးမြေ မဲအပြတ် အသတ်နိုင်၍ monitarဖြစ်လာခဲ့သည်။
စာသင်ပြီးတော့ နေ့လည်စာစားဖို့ canteenထွက်လာခဲ့သည်။ ဘူဖေးစနစ်ဖြင့်သာစားရလေသည်။ ကျောင်းစရိတ်တွင် စားစရိတ်ပါအပါဖြစ်သည်။ စဖိုမှူးအန်တီကြီးက မိုးမြေကိုပိုထည့်ပေးနေကြအတိုင်းထည့်ပေးလိုက်တော့... ဇက်က " ကျွန်တော့်ပါပို
ထည့်ပေး" လုပ်တော့သည်။
YOU ARE READING
မြေသင်းရနံ့ (Ongoing)