ဒီနေ့မနက်အတွက်စုန့်ရှီးယန်ရဲ့အလုပ်က ဟင်းခတ်အမွှေးအကြိုင်အပင်တချို့ကို ရှာတွေ့မလားဟူသည့်အတွေးဖြင့် တောင်ပေါ်တက်မှာဖြစ်သည်။
သူတို့နှစ်ယောက်လုံးက လင်းယွမ်ကို မနက်စာဆန်ပြုတ်နွေးနွေးလေးတိုက်ပြီးသည်နှင့် အဒေါ်ကျောက်အိမ်မှာသွားပို့ထားခဲ့လိုက်သည်။ နှစ်ယောက်လုံးကတောင်ပေါ်သွားမှာပေါ့ ကောင်ငယ်လေးကိုဝန်ပိုဖြစ်မနေရအောင် ချီကောအာကိုအထိန်းထားခဲ့မှာဖြစ်၏။
တောင်ခြေကိုရောက်တော့ မြူရှင်းနေပြီဖြစ်သည်။ နွေဦးဆိုတော့နေရောင်ကစောစောရောက်လာပြီး နေ့တာကရှည်ဖို့အကြောင်းဖန်လာပြီ။
စုန့်ရှီးယန်က မနေ့ကရောက်ခဲ့တဲ့ခြုံနွယ်တွေနားကိုပဲထပ်သွားခဲ့သည်။ ဒီတစ်ခါသူ့နောက်ကျောမှာ ခြင်းတောင်းတစ်ခုပါပြီး ယွိချန်မှာလည်းတစ်ခုပါသည်။
ကြွေကျနေတဲ့မက်မွန်သီးများက မြေပြင်တွင်ပြန့်ကျဲနေပြီး ၎င်းတို့ကိုကြည့်ကာရှီးယန်မှာသက်ပြင်းသဲ့သဲ့ချလိုက်၏။
ယွိချန်မှာလည်း သူ၏ဇနီးလေးကိုတလှည့် တောရိုင်းသီးပင်ကိုတလှည့်ကြည့်ရင်း အံ့သြနေမိသည်။
လုံချန်းတိုင်းပြည်မှာ စတင်တည်ထောင်ပြီးစနိုင်ငံတော်အသစ်ဖြစ်ပြီး စစ်ကြီးပြီးစကာလလည်းဖြစ်လေရာ စိုက်ပျိုးသီးနှံအပါဝင် အသီးအနှံရှားပါးမှုပြဿနာကိုကြုံနေရလေသည်။
အသီးအနှံစျေးက သာမန်လူလတ်တန်းစားစားသည့် ဆန်ထက်စျေးကြီးကာ အထက်တန်းလွှာများကြားတွင်ဇိမ်ခံပစ္စည်းနှယ် သဘောထားကြလေသည်။ ဒါကို လူတန်းစားတစ်ရပ်လုံးကလည်းသိကြ၏။
ယွိချန်က စုန့်ရှီးယန်ကိုတစ်လှည့် မက်မွန်ပင်များကိုတလှည့်ကြည့်နေသော်လည်း ဘာစကားမှမပြောပေ။
သူ့မှတ်ဉာဏ်တွေဝေဝါး၍စိတ်နောက်နေခဲ့တုန်းက ဒီကောလေးနဲ့သူ့ကိုအတင်းစီစဥ်ခဲ့တာဖြစ်ပြီး အတူအိပ်မိခဲ့ကာလင်းယွမ်အသေးလေးကိုရခဲ့တာဖြစ်သည်။
လွန်ခဲ့သည့်ရက်ကသူရိုက်နှက်ခံရစဥ် ခေါင်းဒဏ်ရာကြောင့်တချို့မှတ်ဉာဏ်များကို ခပ်ရေးရေးရလာပြီး တချို့မှတ်ဉာဏ်များကဝေဝါးနေဆဲပင်။ ဒါပေမဲ့သူကစိတ်နောက်နေတဲ့လူမဟုတ်တော့ဘဲ ကောင်းမွန်လာပြီဖြစ်ကာ သူ့မိသားစုကိုပျိုးထောင်နိုင်သည့်လူပင်။
YOU ARE READING
ကူးပြောင်းပြီးနောက် မိသားစုကိုပြုစုပျိုးထောင်မယ်
RomanceMC က ကူးပြောင်းလာပြီးတဲ့နောက်မှာ လယ်ယာစိုက်ပျိုးပြီး မိသားစုစီးပွားရေးလုပ်တာပါ translation လုံးဝမဟုတ်ပါ
