3

599 70 30
                                    

"ဒါကြီး ဖယ်ထားစမ်းပါဗျာ"

ဟာအို ဦးခေါင်းထက်မှ ဦးထုတ်လေးအား မျက်စပျက်၍ ရစ်ခီက ရန်လာရှာပါ၏။

"အော ဟော ဒါဘယ်သူ့ကြောင့်လဲ"

ထိုသို့ပြောမှ သခင်လေးတစ်ယောက် ငြိမ်ကျသွားသည်။
ဟုတ်သည်လေ မလိုက်ပါဘူး အတန်တန်ငြင်းနေတဲ့ကြားက အတင်းအကျပ်ဆွဲခေါ်လာခဲ့ပြီး ယခု ဟာအို့ကို အပြစ်တင်လာ၍ မရပါ။

လေယာဥ်ပေါ်တွင်သာ ရှိနေသေးပေမယ့် ရင်တွေဟာ တလှပ်လှပ်ပင်။
ဦးထုတ်အနက်အဝိုင်းလေးအား လုံအောင်ဆောင်း၍ မျက်မှန်အနက်ပါတပ်ထားလိုက်သည့်အပြင် Maskအနက်ကိုပါ ထပ်တပ်ထားသေးသည်မို့ သူ့ကို တော်ရုံလူမှတ်မိနိုင်မယ်မထင်။
သို့ပေမယ့် စိတ်ပူနေသည်မှာ မလျော့သေး။

တကယ် အဲဒါကြောင့် ရစ်ခီရှန်နောက် လိုက်မလာချင်တာ။
မသိလျှင် သူက အပြစ်လုပ်ထားသူလို ​ရင်တထိပ်ထိပ်နှင့်မို့..

အင်းး အပြစ်လုပ်ထားသူ တဲ့..

"ခင်ဗျား မပူဘူးလားဗျာ မျက်နှာမှာလဲ ရှုပ်ယှက်ခတ်နေတာဘဲ"

"တယ် ဒီကောင်လေး! အကြီးကို ခင်ဗျား ခင်ဗျားနဲ့ မင်းကို ကိုယ် ဘယ်လိုပြောထားလဲရစ်ခီရှန်!"

ဟာအိုက လက်ပိုက်လျက်သား  မျက်နှာလေးတည်၍ မေးလိုက်တော့ ညီဖြစ်သူမှာ မျက်နှာမသာမယာနှင့်

"ဟျောင်းကလဲဗျာ..."

ဟု ခပ်တိုးတိုး နှုတ်မှထွက်ပေါ်လာ၏။
ထိုသို့ပင်ဖြစ်ရမည် တရုတ်မှာဆိုလျှင် ကိုယ့်ထက်အကြီးကို 'ကော' ဟုသုံးနှုန်းတာမှန်ပေမယ့် ဟန်းဂုရောက်လျှင်တော့ ဟန်းဂုလို သုံးနှုန်းရမည်ပင်။

သူ့ထက် ၄နှစ်မျှ ငယ်သော ရှန်ချွမ်ရွေ့မှာ လိမ္မာချင်လျက် ဆိုးနေပါသည့် ကလေးတစ်ယောက်နှယ်။

ဟာအို တို့ နှစ်ယောက်လုံး တစ်ဦးတည်းသော သားပေမို့ တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုအရင်းထက်ပင် သံဃောဇဥ်ရှိကြသည်။
ထိုအချက်ကြောင့်သာ ကျန်းဟာအိုတစ်ယောက် ရစ်ခီရှန်နှင့်အတူ လိုက်ပါလာခဲ့ရခြင်းဖြစ်ပေသည်။

"ဟျောင်း..ဒီလောက် ဟန်းဂုကို မလိုက်ချင်တာ ဟန်းဂုမှာ တစ်ခုခုဖြစ်ခဲ့လို့လား.."

To My HeartWhere stories live. Discover now