ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (13)
02200059
အမှောင်ထဲမှာ ရှင်းပြလို့မရတဲ့ အရာတစ်ခုကို ထိလိုက်တာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံး ဖြစ်ပြီး အဲဒီလက်အေးအေးကြီးကို ထိလိုက်မိရင် ဒီလက်ပိုင်ရှင်ဟာ သေသွားတယ်လို့ ခံစားနိုင်တာကလည်း သာမန်ပဲ ဖြစ်သည်။ အေးစက်ပြီး ဖောင်းကားနေတဲ့ အသားအရေကြောင့် အသက် မရှင်နိုင်တော့တာ သေချာပေါက်ပင်။
ဝူရှဲ့တစ်ယောက် မီးတုတ်တွေ ကျန်နေသေးတာကို အမှတ်တမဲ့ သတိရမိတော့ ကမန်းကတန်း မီးညှိလိုက်လေသည်။ မီးလင်းလာတော့ သူ့အနားမှာ အလောင်းတစ်လောင်း လဲနေတာကို တွေ့ရလေ၏။
ဗိုက်မှာ ဒဏ်ရာအကြီးကြီးနဲ့ ဒဏ်ရာတွေ ပတ်လည်မှာ အလောင်းစား အကောင်တွေ အများကြီး ရှိနေသည်။ အလောင်းစား အကောင် တစ်ကောင်စီက သူ့လက်ဖဝါးလောက် ကြီးပြီး စိမ်းပြာရောင် ဖြစ်ကာ ရံဖန်ရံခါ သူ့ပါးစပ်နဲ့ မျက်လုံးအပေါက်တွေ ထဲကနေ တွားသွားလာနေတဲ့ အလောင်းစား အကောင်တွေကိုပါ တွေ့နေရလေသည်။
ဝူရှဲ့စိတ်ထဲ နေလို့ မကောင်းသလို ဖြစ်သွားသည်။ ဒီလူသေသွားတာ တစ်ပတ်လောက်တော့ ရှိနေပြီ။ မတိုင်ခင်က ဒီဂူသင်္ချိုင်းထဲကို ဝင်လာတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်ရမည်။ ဒီယန္တရားကို ထိမိသွားတဲ့အတွက် သူဒီထဲ ရောက်လာပြီး သေသွားတာလား?
ဒါကိုတွေးပြီး ငြိမ်းတော့မယ့် မီးအလင်းရောင်ကို သုံးပြီး ဘက္ထရီကို အမြန်ရှာကာ မိုင်းတွင်းမီးခွက်ထဲကို ထည့်လိုက်သည်။ မီးပြန်ပွင့်လာမှပဲ ဝူရှဲ့ သက်ပြင်းချမိတော့သည်။ သူဌေးက ဒါကသတ္တုတွင်း သမားရဲ့ မီးခွက်လို့ ပြော၏။ ၃ မီတာထက် ပိုတဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိကြောင်းလည်း ပြောသေးသည်။ သူ့ကို တကယ်ကို မလိမ်ခဲ့ဘူးပဲ။
အလင်းရောင်ကြောင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တဲ့အခါ နေရာက ဘာမှ မရှိဘဲ အရမ်းရိုးရှင်းနေတာ တွေ့ရ၏။ ပုံစံမမှန်တဲ့ ကျောက်နံရံတွေနဲ့ ဝိုင်းထားတဲ့ စတုရန်းပုံလေးတစ်ပုံ၊ နံရံမှာ လေဝင်ပေါက်လို အပေါက်တွေလည်း အများကြီး ရှိသည်။ အမှောင်ထုကို ဦးတည်နေပြီး အဲဒီတွင်းတွေဆီကနေ အေးမြတဲ့ လေနုအေးတွေ ရံဖန်ရံခါ တိုက်ခတ်လာသေးသည်။
ESTÁS LEYENDO
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Ficción históricaThe lost tomb LAရဲ့ novelပါ
