disclaimer: The facts described about religion in this story are not related to those of any facts in reality. So, please assume those as imagine
.
.
.
အရာရာက ထူးဆန်းစွာပြောင်းလဲနေခဲ့သည် ။
အေးချမ်းစွာရှိနေခဲ့သည့် ဆောနူ၏ကမ္ဘာက ပုံမှန်မဟုတ်တော့သလိုခံစားနေရ၏ ။
အမြဲပေါ့ပါးပြုံးရယ်နေတတ်တဲ့ ဆောနူမေမေ မစ္စဂင်မ်က အခုတလော တစ်စုံတစ်ခုကိုကြောက်ရွံ့နေသလို ဆောနူခံစားမိသည် ။
ရုတ်တရတ်ကြီး ဆောနူမွေးကတည်းက နေလာသည့်မြို့ကနေ အသိအကျွမ်းတစ်ယောက်မှမရှိသည့် တခြားမြို့ဆီ အိမ်ပြောင်းရွှေ့သည် ။
အိမ်အသစ်ကိုရောက်ကတည်းက ဆောနူကိုတစ်ယောက်တည်း အပြင်ထွက်ခွင့်ပိတ်သည် ။ ကျောင်းအသစ်ကို သူမကိုယ်တိုင် ကားဖြင့်အကြိုအပို့လုပ်ပေးသည် ။ သူစိမ်းတွေနှင့် စကားမပြောဖို့အထပ်ထပ်မှာသည် ။
မစ္စဂင်မ်သည် ဆောနူအပေါ် အလွန်လွတ်လပ်ခွင့်ပေးတတ်သည့် မိခင်မျိုးဖြစ်သည် ။ ထိုသို့လူမျိုးက ဘာကြောင့်ရုတ်တရတ် ပြောင်းလဲသွားရသလဲ ဆောနူမသိပေ ။
ပြီးတော့ နောက်ထပ်ထူးထူးဆန်းဆန်း ပြောင်းလဲနေသည့်အရာလည်းရှိသေး၏ ။
ထိုအရာကတော့ ဆောနူကိုယ်တိုင်ပင်ဖြစ်၏ ။
" အပြန်ကို အမေအချိန်မှီမရောက်ရင် ဂိတ်စောင့်ဦးလေးနားမှာနေနော် ။ တစ်ယောက်တည်းပြန်မလာနဲ့ "
မစ္စဂင်မ်၏ သတိပေးသံကြောင့် ဆောနူလွယ်အိတ်ကိုလွယ်ကာ ကားပေါ်မှဆင်းရင်း သက်ပြင်းချမိသည် ။
" အမေ အိမ်ကထွက်ကတည်းက အဲ့စကားကိုပြောနေတာ ၆ခေါက်ရှိပြီ "
" အမေက စိတ်ပူလို့ပြောတာလေ...။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေနော် "
" အွန်းပါ.."
ဆောနူ ကားတံခါးကိုပိတ်ရင်း မစ္စဂင်မ်ကိုလက်ပြလိုက်သည် ။ စာသင်နှစ်ကုန်ခါနီးမှ ပြောင်းလာသည့် ကျောင်းသားကို မည်သူကမှ သူငယ်ချင်းမလုပ်လိုကြောင်းတော့ မစ္စဂင်မ်ကိုမပြောဖြစ်လိုက်တော့ ။