🐉16🐉လက်ကလေးတစ်ဖက်

1.1K 127 2
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်

Chapter (16)
လက်ကလေးတစ်ဖက်

ဝူရှဲ့သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှေးဟောင်း ပစ္စည်း ပွတ်တိုက်သန့်စင်ခြင်း လုပ်ငန်းမှ လူများကို ကြည့်ရှုခြင်းတွင် အတွေ့အကြုံများစွာ စုဆောင်း ရရှိခဲ့သည်။ ထိုလုပ်ငန်းသည် သူ့မျက်လုံးကို အကောင်းဆုံးစမ်းသပ်ပေး​လေသည်။

မျက်လုံးဖြင့် အရာဝတ္ထုနှင့် လူကို မြင်နိုင်ရန် လိုအပ်သည်။ ဒီလိုလူမျိုးဆီက သတင်း အချက်အလက်တွေ တောင်းတဲ့အခါ သူ့စကားကို ဝင်နှောင့်ယှက်တာထက် မယုံသလို ယောင်ဆောင်တာက ပိုကောင်းတာကြောင့် သူက ပြောလိုက်သည်။

“မင်းပြောတာက တစ်ခုခု လိုနေသလိုပဲ....  မင်းတကယ်သိရင် မင်းဒီမှာ ဒီဂူသင်္ချိုင်းထဲမှာ ခေါင်းမပါတဲ့ သရဲ တစ်ကောင်လို လုပ်နေသေးလဲ?"

မျှော်လင့်ထားသလိုပဲ ဖက်တီးက ဝူရှဲ့မျက်နှာကို ဓာတ်မီးနဲ့ ထိုးလိုက်ပြီး

"မင်းငါ့ကို မယုံသေးဘူးလား? ကောင်လေး ဖန့်ယဲငါက ဒီကို မလာခင် တစ်လကျော်လောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာ.... ဒီဘုရင်လုရှန် ဆိုတာဘာလဲ မင်းသိလား? ယင်စစ်သားတွေကို ချေးငှားတာ ဘယ်လိုဖြစ်တာလဲ သိလား? တစ္ဆေတံဆိပ်တုံးက ဘာလဲ မင်းသိလား?"

ဝူရှဲ့ စကား ပြန်မပြောဖြစ်တာကို မြင်တော့ သူက ဂုဏ်ယူစွာနဲ့ ပြုံးပြီး

"ငါမင်းကို ပြောပြမယ်.... အဲဒီဘုရင်လုရှန်က နာမည်ကသာ နားထောင်လို့ ကောင်းတာ တကယ်တော့ သူက စစ်သူ​ကြီး တစ်ယောက်လိုပဲ... ပြီးတော့ ရှင်းရှင်းပြောရရင် သူက ငါတို့လိုပဲ ဂူဖောက်သူတစ်ယောက်"

ဦးလေးသုံးကလည်း အလားတူ စကားမျိုး ပြောခဲ့တာကို ရုတ်တရက် သတိရမိပေမဲ့ သူတို့ ဘယ်လို အဖြေရှာခဲ့လဲဆိုတာ နားမလည်နိုင်သေးဘူး။ ဖက်တီးက ဆက်ပြောလေသည်။

"ဒါပေမယ့် သူတို့က ငါတို့ထက် သာတယ်ကွ... ငါတို့ကို အနိုင်ယူပြီး ဂူဖောက်နိုင်တဲ့ ဂူဖောက်ဘုရင်တွေပဲ... ပိုးထည်စာအုပ်ထဲက မှတ်တမ်းတွေအရ ဘုရင်လုရှန်ရဲ့ တပ်ဖွဲ့ဝင် အများစုက နေ့ဘက်မှာ အနားယူပြီး ညဘက်မှာ ချီတက်ကြပြီး မကြာခဏဆိုသလို စစ်တပ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်နေရာမှာ ရုတ်တရက် ပေါ်လာတတ်တယ်...  သူတို့ သွားရောက်လည်ပတ်တဲ့ နေရာတွေက ခဏခဏဆိုသလို 'သင်္ချိုင်းအပျက်အစီး' ရှိတဲ့နေရာတွေ ဆိုတော့ ယင်စစ်သားအားလုံး ပေါ်ပေါက်လာတာလို့ ပြောကြတာပေါ့...  ရုပ်ဝါဒီ တော်လှန်ရေးသမားတွေ ရှိတဲ့ ဒီကမ္ဘာပေါ်မှာ ယင်စစ်သားတွေကို ခေါ်ယူနိုင်တဲ့ ပစ္စည်းက ဘယ်နားကရှိမှာလဲ? သင်္ချိုင်းတွင်းတူးပြီး သင်္ချိုင်း မြေဆီလွှာတွေကို တစ်ယောက်ယောက်က တွေ့သွားတဲ့အခါ ဘုရင်လုရှန်က သင်္ချိုင်းပိုင်ရှင်ရဲ့ ဝိညာဉ်တွေနဲ့ ယင်စစ်သားတွေကို ချေးငှားခဲ့တယ်ဆိုတဲ့ စိတ်ကူးက နေရာတိုင်းမှာ ပျံ့နှံ့သွားတာ... အဲဲဒီအချိန်တုန်းက ဒီအကြောင်းကို အရမ်း အယူသီးကြလို့ နောက်ပိုင်းကျတော့ အံ့ဖွယ်နည်းတွေနဲ့ ရေပန်းစားလာခဲ့တာ"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Место, где живут истории. Откройте их для себя