ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (20)
သော့
ခေါင်းငုံ့ပြီး ကြည့်လိုက်တော့ ပုတီးစေ့တွေ ထည့်ထားတဲ့ ကြေးနီသော့တစ်ချောင်း ဖြစ်နေတာကို မြင်လိုက်ရသည်။ ပုတီးလုံးက အစိမ်းရင့်ရောင် ဖြစ်ပြီး ထူးခြားတဲ့ ပုံစံပေါက်နေသည်။ သော့ပေါ်က ပါဝင်ပစ္စည်းတွေက ဘာပါလဲတော့ မပြောတတ်ပေ။
ရှေးခေတ်လူတွေက တစ်ခါတလေ လူတွေရဲ့ ပါးစပ်ထဲကို ပုတီးစေ့ ထည့်ထားတတ်တာကို သတိရသွားသည်။ ဒီသော့ကို ထုတ်ယူလိုက်ရင် သူ့ရှေ့မှာရှိတဲ့ လှပတဲ့ ရုပ်အလောင်းဟာ အနှစ်တစ်ထောင်ရှိတဲ့ မယ်တော်အဖြစ် ချက်ချင်းပြောင်းလဲသွားလိမ့်မည်။ ဒါပေမဲ့ ဒီအခြေအနေက ရှက်စရာ ကောင်းလွန်းတယ်လေ။
အဝေးက လူတစ်ယောက် အော်သံကို ရုတ်တရက် ကြားလိုက်တာနဲ့ ဝူရှဲ့ တုံ့ဆိုင်းသွားမိသည်။ မျှော်ကြည့်လိုက်တော့ သစ်ကိုင်း ခုနစ်ကိုင်းရှစ်ကိုင်းကို ခုတ်ထစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ နွယ်ပင်တွေက သူ့ခေါင်းကို ဆွဲထားလေသည်။ ထိုသူက တခြားလူ မဟုတ်တဲ့ ဖက်တီးပဲ ဖြစ်ပေသည်။
နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရနဲ့ သူ့လိုပဲ အမှားလုပ်မိပြီး သူ့ထက်တောင် ပိုဒဏ်ရာရနေပုံပေါ်သည်။ ကံကောင်းထောက်မစွာနဲ့ သူကတော့ ခေါင်းကို မထိခဲ့ဘူး။ ဖက်တီးသည် နွယ်ကြိုးတွေကို ဖြတ်ချရင်း ပါးစပ်ကလည်း ကျိန်ဆဲနေ၏။
"အား...... ဒီလိင်တံထူထူရှိတဲ့ အပင်ရဲ့ အကိုင်းအခက်က ဒီလောက် သန်မာမယ်လို့ မထင်ထားဘူး!!"
ထို့နောက် သူကြည့်လိုက်တော့ ဝူရှဲ့ကို မြင်သွားရာ အံ့ဩသွားတော့သည်။
"ရဲဘော်လေး.... မင်း ပန်းပွင့်မိန်းကလေးနဲ့ ဘာလုပ်နေတာလဲ?"
ဝူရှဲ့မှာ ငိုချင်သလို ရယ်ချင်သလို ဖြစ်နေပေမယ့် အသံအကျယ်ကြီး မထွက်ရဲတာကြောင့် လက်ဟန်ခြေဟန်နဲ့
"သူက သေနေပြီ...ဘယ်လိုလုပ်ရမလဲ နည်းလမ်း စဉ်းစားပေးစမ်းပါ"
ဖက်တီးက အာကနဲ အသံထွက်သွားပြီး သူ့တင်ပါးတွေကို လေထုထဲမှာ လိမ်ရင်း ပြောလာ၏။
ESTÁS LEYENDO
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Ficción históricaThe lost tomb LAရဲ့ novelပါ
