အပိုင်း(၁၀) [Unicode]

3.1K 77 2
                                        

"ငယ်လေး နွားနို့ရပြီလား"

"ဟုတ်..မမလေး ရတော့မယ်"

"အင်း.."

သိုက်ဂုဏ်စိန်ဆီ ပို့ရမည့်နွားနို့ကို လဝန်းငယ် မပြင်ဆင်ပြီးသေးသဖြင့် ငွေနှောင်းလည်း ထမင်းစားခန်းတွင်သာ ထိုင်စောင့်နေသည်..။

"ရပြီ မမလေး"

"ဟုတ်ပြီ ငယ်လေးလည်း ဒါပြီးရင်နားတော့လေ"

"ဟုတ်ကဲ့ သန့်ရှင်းရေးလုပ်ပြီးရင် နားတော့မယ်"

"အင်း အင်း"

တောက်..တောက်..တောက်...
ငွေနှောင်း တံခါးခေါက်လိုက်သည်..။

"ဝင်ခဲ့"

"ဟုတ်"

ငွေနှောင်းသည် မကြာခင်ကမှ ရေချိုးခေါင်းလျှော်ထားသဖြင့် ဆံသားများ မခြောက်တခြောက်နှင့် ပုခုံးပေါ်သို့ ဝဲကျနေ၏..။ သူမလက်ထဲတွင် ပူပူနွေးနွေး ကောင်းစွာကြိုချက်ထားသည့် နွားနို့လေးတစ်ခွက်လေးပါလာသည်..။

"နွားနို့လာပို့တာပါ ၊ ဘယ်နားထားရမလဲဟင်"

"ဒီကိုပေး"

သူမကို သိုက်ဂုဏ်စိန်က လက်ဖြန့်တောင်းလိုက်၏..။ ငွေနှောင်းလည်း ပေးလိုက်ကာ သူမအခန်းသို့ပြန်ဖို့လုပ်တော့...

"နေဦး ထိုင်.."

"ရှင် ဟု..ဟုတ်ကဲ့"

ထိုင်ဖို့ပြောသော်ငြားလဲ သိုက်ဂုဏ်စိန်၏အိပ်ခန်းထဲတွင် ထိုင်ခုံတစ်ခုသာရှိပြီး ထိုထိုင်ခုံကို သူထိုင်နေသဖြင့် ငွေနှောင်းလည်း ဆက်ရပ်နေ၏..။

"မထိုင်ပဲ ဘာလို့ရပ်နေတာလဲ"

"ဟို ထိုင်စရာခုံမရှိလို့"

"ကုတင်ပေါ်ထိုင်လိုက်"

"ဟင်..အာ..အမ်..မ..မ..မထိုင်တော့.."

"ထိုင်!"

"ဟု..ဟုတ်ကဲ့"

ငွေနှောင်း ဒီလူကို သိပ်ရှိန်သည်..။ ယခုလည်း ကြည့်ပါလား..၊ ဘာဖြစ်နေမှန်းမသိ အိမ်ပြန်ရောက်ထဲက ငွေနှောင်းကို စိတ်တိုနေသည်..။

ကုတင်စောင်းနား ဖင်တင်ရုံလေးသာ ငွေနှောင်းထိုင်လိုက်သည်..။ ခြေစုံများကို တစ်လက်မတောင်မခွာပဲ တင်းကျပ်စွာစုထားမိ၏..။ သူမစိုးရိမ်လို့ပဲ မဟုတ်လား..၊ သိုက်ဂုဏ်စိန်နေရာတွင် အခြားယောက်ျားသားများဖြစ်ခဲ့လျှင် သူမပါးရိုက်နှင့်ပြီ..။ သူမကို ဘာမှမလုပ်လောက်ပါဘူးဟု တွေးချင်သော်လည်း စိုးရိမ်မိတာ သဘာဝပင်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Onde histórias criam vida. Descubra agora