Part 35 ⚠️

265 17 12
                                    

Unicode ..

{သွေးထွက်သံယိုများဤအခန်းတွင်ပါ၀င်ပါမည်။ကြောက်တတ်သူများနဲ့အသက်မပြည့်သေးတဲ့ကလေးများအထူးသတိထားပေးပါရန်။SSရိုက်တင်ခြင်းခွင့်မပြုပါ..}

''ဖမ်းခေါ်လာခဲ့ပြီးပါပြီboss ´´

''သွားကြမယ်´´

       တပည့်ဖြစ်သူများနှင့်Singtoအခန်းထဲကို၀င်လာခဲ့လေသည်။မှောင်ရိပ်အားကောင်းနေသောမြေအောက်ခန်းဖြစ်ပြီးအလယ်ရှိမှိန်ပြပြအလင်းရောင်လေးသာရှိနေခဲ့သည်။တံခါးဖွင့်သံကြားသည်နှင့်အထဲရှိလက်နှစ်ဖက်နောက်ပြန်ကြိုးတုပ်ခံထားရသောလူငါးယောက်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားကြလေ၏။

        ပိုက်ဆံတစ်နည်းအားဖြင့်ကြေးစားလို့သတ်မှတ်ကြတဲ့ပိုက်ဆံအပုံလိုက်ချပေးရုံနှင့်လူသတ်ရုံမကဒုစရိုက်မျိူးစုံပါလုပ်တတ်တဲ့လူမိုက်များပင်ဖြစ်လင့်ကစားမှောင်မဲနေသောအခန်းနဲ့ဒီလိုအခြေအနေကိုတော့အနည်းနဲ့အများထိတ်လန့်ကြပါသည်။

''ခင်ဗျားတို့ဘယ်သူတွေလဲဘာလို့ကျုပ်တို့ကိုဖမ်းရတာလဲ´´....

''သိချင်ကြလား´´

      အမှောင်ထဲကလူကလက်ဖျောက်တစ်ချက်ထတီးအပြီးတွင်တစ်ခန်းလုံးလင်းထိန်လာပြီးသူတို့တစ်အုပ်စုလုံးရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။လူငယ်တစ်ယောက် ဆိုဖာထိုင်ခုံတွင်ခြေချိတ်ထိုင်နေပြီးသူတို့ကိုကြည့်နေလေ၏။သူ့ဘေးတွင်လဲလူနှစ်ယောက်မှာလက်ကိုရှေ့ပစ်ကာရပ်နေလေသည်။

''ကျုပ်ကခင်ဗျားတို့ရှာနေတဲ့သူ..ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ ကျုပ်ကအရင်ခင်ဗျားတို့ကိုဖမ်းလိုက်ပြီအဟင်း´´

''ငါငါတို့ကသူမခိုင်းလို့လုပ်ရတာပါကျေးဇူးပြုပြီးပြန်လွှတ်ပေးပါ´´

''သိပ်လဲမကြောက်ကြပါနဲ့အဟက် ဒီလောကလူတွေဆိုတော့ခင်ဗျားတို့ကိုကျုပ်ကအခွင့်အရေးတစ်ခုပေးမယ်။ခင်ဗျားတို့ငါးယောက်လုံးထဲကတစ်ယောက်ကိုကျုပ်လွှတ်ပေးမှာပါ။ကျန်တာတော့ကိုယ့်ဘာကိုယ်ကြိုးစားပေါ့´´

      Singtoအချက်ပြလိုက်သည်နှင့်ထိုလူများ၏လက်တွင်တုတ်ထားသောကြိုးများကိုဖြေပေးလိုက်ပြီးဘေးဘက်ကိုပြန်ထွက်လိုက်လေသည်။ဘေးကိုထွက်လိုက်သည်နှင့်ကြီးမားသောအမိုးမပါတဲ့သံအကာတစ်ခုအပေါ်မှကျလာခဲ့လေ၏။ဒီလူငါးယောက်မှာတော့အံ့သြနေသေးဟန်။Singtoထိုသံကာနားဆီရောက်လာခဲ့ပြီးဓားမြှောင်တစ်ချောင်းပြစ်ချပေးလိုက်လေသည်။

Maung.....Where stories live. Discover now