6

339 51 3
                                    

Unicode

"အယ်ဖာတွေလိုပဲ အိုမီဂါတွေရဲ့ လည်ဂုပ်မှာလည်း ဂလန်းပါတယ်ဆိုတာ မင်းတို့သိထားမှာပေါ့။ ဂလန်းတစ်ခုချင်းစီတိုင်းက မတူညီတဲ့ဖရိုမုန်းရနံ့တွေကို ထုတ်ပြီး အယ်လ်ဖာတွေကို ဆွဲဆောင်နိုင်တယ်၊ ဒါကြောင့် အယ်လ်ဖာတွေအချင်းချင်း တိုက်ခိုက်တာပဲ မဟုတ်တောင် အိုမီဂါတွေကလည်း မင်းတို့ကို အဲ့ဒီအနံ့နဲ့ တိုက်ခိုက်လို့ ရတယ် ဆိုတာ သတိထားကြပါ။ စကားမစပ် မင်းတို့ရဲ့ အဲ့ဒီသက်လုံအားစမ်းသပ်မှုကရော အခြေအနေ ကောင်းကြရဲ့လား"

စာသင်နေရင်း လမ်းတစ်ဝက်တွင် ဆရာက အရွှန်းထဖောက်သည်။ ထိုအကြောင်းကို ပြောချင်ကြသော ကျောင်းသားအများစုကလည်း ဆူဆူညံညံအော်ဟစ်လာကြသည့်တိုင် ချန်းယောလ်တော့မပါ။

သူ့အနေဖြင့် ဤတပ်ဖွဲ့တွင်ရှိနေသည်မှာ ၂ပတ်မြောက်ရှိပြီဖြစ်သည်။ ၂ပတ်အတွင်း အခြေအနေ အတိုးတက်ဆုံးအတန်းသည် ကိုယ်ခံပညာအတန်းဖြစ်ပြီး သူ၏ဂျူဒိုနည်းစနစ်တို့က နည်းပြကိုယ်တိုင်ပါ ချီးကျူးလာသည်အထိ တိုးတက်နှုန်း မြန်ဆန်ခဲ့သည်။ သို့တိုင် ယခုဆရာပြောနေသော သက်လုံအားအတန်းသည်မူ သိပ်ပြီးပြောင်းလဲမှု ကြီးကြီးမားမား မတွေ့ရပေ။

၂ပတ်မျှမက ကြာသွားပါစေ၊ သူ၏အဆင့်သည် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော အဖြစ်ကဲ့သို့ပင်၊ ကျင့်သားမရနိုင်သေးသလိုပင်။ ဆောဂျွန်းကတော့ နှစ်သိမ့်ပေးသေးသည်။ ဤအတန်းသည် အနက်ရောင်အဆင့်ရောက်သွားသည့် တပ်သားတွေအထိတိုင် ဆက်လက်ရှိနေဆဲဖြစ်သည်မို့ စံချိန်အသစ် တစ်ခုတစ်ခု ချိုးနိုင်ဖို့ဆိုတာလည်း ခက်ခဲလှသည် တဲ့။

အဆင့်တစ်ခုကို ခံနိုင်ရည်ရှိသွားတိုင်း အင်အားပိုမိုတိုးမြှင့်တတ်သော နည်းပြတို့ကြောင့် မိမိ၏တိုးတက်မှုနှုန်းက မသိသာတာလည်း ဖြစ်နိုင်သည်။ ထပ်ပေါင်းဆိုရလျှင် အတန်းပေါင်းစုံတွေ နည်းပြတွေ၊ ဆရာတွေထဲ ထိုအတန်းက နည်းပြတွေက ​ဆက်ဆံဖို့အခက်ခဲဆုံး ဖြစ်သည်။ တိတ်တဆိတ် စစ်ဆေးသည်၊ တိတ်တဆိတ် အမှတ်ပေးကာ ဆက်ဆံပုံက တိတ်ဆိတ်လွန်းလှသဖြင့် သူတို့၏ရလဒ်ကိုပင် မသိရနိုင်။ သို့ပေမယ့် မည်သူကမှလည်း စောဒကမတက်ချေ။

GAGAWhere stories live. Discover now