The Deepest25

1.2K 55 8
                                        

​ရှောင်ကျန့်တစ်​ယောက်ပြီးခဲ့တဲ့အပါတ်က ​ရှောင်ပါးအခန်းထဲမှာတ​နေကုန်ဒူး​ထောက်အပြစ်​ပေးခံရပြီးကတည်းက ပြသနာမရှာတာ ဒီ​နေ့နဲ့ဆိုတစ်ပါတ်ရှိပြီ​လေ ​ရှောင်ပါးကို​ကြောက်လို့မဟုတ်​ပေမယ့် ရှာစရာပြသနာမ​တွေ့​သေးလို့ဆိုပိုမှန်မယ်

အခုသူ့အခန်း​လေးထဲမှာပန်းချီဆွဲဖို့ပြင်​နေရင်း ဘာဆွဲရမလဲစဥ်းစားမရ​သေးတာနဲ့ ပြတင်း​ပေါက်​နေ ခြံထဲကိုလှမ်းကြည့်လိုက်​တော့ ခြံထဲမှာအလုပ်သမား​တွေနဲ့ရယ်​မောကာ ပန်းအိုး​တွေဝိုင်းသယ်​ပေး​နေတဲ့ရိ​ပေါ်​  အ​ဝေးကလှမ်းကြည့်တာ​တောင် ​ချွေး​လေး​တွေစို့​နေတဲ့မျက်နှာ​လေးက ကြည်လင်​ပြီး​ ဆွဲ​ဆောင်မှုအပြည့်နဲ့ချော​မောလွန်း​နေတယ် ပြုံးရွှင်​နေတဲ့မျက်နှာ​လေးကိုသူကြာကြာ​လေး​ငေးကြည့်မိပြီးမှ မျက်လုံး​တွေမှိတ်ချလိုက်ကာ ပန်းချီစဆွဲဖို့ပြင်လိုက်သည် 

ဒီ​နေ့အဖို့​တော့သူဆွဲမယ့်ပန်းချီ​လေးရဲ့အ​ကြောင်းအရာက ရိ​ပေါ်ဖြစ်လို့​နေပြီ​လေ သူတစ်ခါမှရိ​ပေါ်ပန်းချီကိုမဆွဲခဲ့ဖူး​ပေမယ့် ​​သေချာတာ​တော့နောက်ဆွဲမယ့်ပန်းချီ​လေး​တွေက ရိ​ပေါ်ဖြစ်​နေ​တော့မယ်​လေ

ရိ​ပေါ်မျက်နှာ​လေးကိုဆွဲ​နေရင်း သူသက်ပြင်း​လေးချကာ ဆွဲလက်စကိုခနရပ်ထားမိသည်  အမှန်ဆိုသူရိ​ပေါ်ကိုမုန်း​နေရမှာမဟုတ်လား ဘာလို့မမုန်းရက်တာလဲလို့သာ​တွေးရင်း ​ခေါင်းကိုသာခါလိုက်ပြီး ဆွဲလက်စပန်းချီ​လေးကိုဆက်ဆွဲ​နေမိသည်

ရုပ်လုံး​ပေါ်လာတဲ့ပန်းချီ​လေးကိုကြည့်ကာသူနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည် အခုဆိုရိ​ပေါ်နဲ့တူတဲ့ပန်းချီ​လေးကသူ့အခန်းထဲမှာ​နေရာယူ​နေပြီ​လေ ပန်ချီကား​လေး​အောက်မှာ သူ့sign​လေးထိုးရင်းနှုတ်မှလဲစကား​တွေ​တီးတိုး​ပြောလိုက်​သေးသည်

"ငါတို့သူငယ်ချင်းလုပ်ကြမယ် ရန်မဖြစ်ကြဘူး​နော် ရိ​ပေါ်ရဲ့ parallel​လေး​ရေ"တဲ့

____________________________________*
ဒီ​နေ့ကသူတို့​ကျောင်းအတွက်လိုအပ်တဲ့စာအုပ်​တွေ  စာ​ရေးကိရိယာ​တွေသွားဝယ်ရမယ့်​နေ့​လေ ဟုတ်တယ် ​နောက်အပါတ်ဆိုသူတို့​ကျောင်းတက်ရ​တော့မှာပဲ

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now