🐉28🐉မီး

907 103 5
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်

Chapter (28)
မီး

ထိုမျက်နှာသည် သွေးများနှင့် အသားများ စွန်းထင်း တွဲကျနေသည်။ အရေပြား အတွင်းပိုင်းရှိ ကြွက်သားများ အရည်ပျော်သွားခြင်း ရှိမရှိ၊ သို့မဟုတ် သူ့ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်ပြီး မျက်နှာကို ဖုံးလွှမ်းသွားခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဝူရှဲ ထိတ်လန့်သွားပြီး ခဏလောက် ကြာတော့ ဒီမျက်နှာကို အရမ်း ရင်းနှီး​နေသလို ခံစားလိုက်ရတာကြောင့် အနီးကပ် ကြည့်လိုက်တော့ တခွေ ဖြစ်နေတာကို တွေ့လိုက်ရ၏။

ဦးခေါင်း ဘယ်ဘက်ခြမ်းမှာ ကျည်ဆန်ကြောင့် အသားတစ်စ ပြတ်ထွက်သွားပြီး အရိုးတွေကို မြင်နေရပေမယ့် အတွင်းပိုင်း ဦးနှောက်ကိုတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ ဒဏ်ရာ အပြင်းအထန် ရထားပေမယ့် မ​သေသေးတာကို မြင်လိုက်ရတဲ့အတွက် ဝူရှဲလည်း ကမန်းကတန်းပြောလိုက်သည်။

"မြန်မြန်ထ...ပြောလို့မရဘူး အသက်ရှင်ရင် ရှင်နိုင်လိမ့်မယ်"

ဒါပေမဲ့ သူက လုံးဝမလှုပ်ဘူး။ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အရမ်းနာကြည်းပြီး သူ့ကို ဘာကြောင့် ထားသွားရတာလဲ ဆိုပြီး ပြောနေသလိုပင်။ ဝူရှဲ အရမ်းတုန်လှုပ်သွား၏။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်တွေက တခွေပုခုံးကို ကိုင်ပြီးသွားပြီ။

သူ့ပုခုံးက ကြောက်စရာကောင်းတဲ့ သွေးနီရဲရဲတွေ ပြည့်နှက်နေကာ ဝူရှဲ လက်တွေပေါ် လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ လက်တွေပင် ယားယံလာသလို ခံစားလာရသည်။

"သွားပြီ!"

တခွေပါးစပ်ထဲက မသေချာ မရေရာတဲ့ အသံထွက်လာပြီး ရုတ်တရက် သူ့ကို ဆွဲချလိုက်သည်။ တခွေရဲ့ သနားစရာကောင်းတဲ့ အရေပြားတွေက တကိုယ်လုံး အရည်ပျော်ကျနေပါပြီ ဆိုတဲ့ အခြေအနေကို တွေးပြီး ဝူရှဲ ရူးသွပ်သွားချင်စိတ်ကိုပင် မထိန်းနိုင်တော့ချေ။ ငါနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်လို့ နှုတ်ကို ကျယ်ကျယ်ဖွင့်၍ ပြောနေသလိုပင်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Donde viven las historias. Descúbrelo ahora