ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (6)
ဟိုင်နန်
ဦးလေးသုံးသည် ဆယ်ကျော်သက် အရွယ်တွင် ကမ္ဘာအနှံ့ ပြေးလွှား သွားခဲ့သည်။ သူသည် လောကကြီးထဲက အရာများစွာကို မြင်တွေ့ဖူးပြီး ယေဘူယျအားဖြင့် သူဘာမှ မလုပ်မီ အရာအားလုံးကို အစီအစဉ် ဆွဲထားလေ့ရှိသည်။ ပြီးခဲ့သော အကြိမ်ကဲ့သို့ပင် သူသည် ဂူဖောက်ရန်အတွက် ပြင်ဆင်မှု များစွာ ပြုလုပ်ခဲ့သည်။
တခါတရံ သူအရင်တုန်းကလို သတိကြီးလွန်းတယ်လို့ ထင်တဲ့အခါ 80%လောက်က အသုံးမ၀င်တဲ့ ပစ္စည်းတွေ အများကြီး ပါတတ်သည်။ ဒီတစ်ခါတော့ ဒီလောက် စိတ်မရှည်နိုင်တော့ဘူး ထင်ပါရဲ့။ ခရီးဆောင် လက်ဆွဲသေတ္တာကို ကောက်ယူပြီး ထွက်ပြေးသွားတာ သူပင် တားချိန် မရလိုက်ချေ။
“ဦးလေးသုံး... သတိထားဦး!”
သူ အော်ပြောလိုက်စဥ် တစ်ဖက်က အသံပြန်ပြုရင်း ဓာတ်လှေကားထဲသို့ ပြေးဝင်သွားခဲ့သည်။
ထိုစဥ် ဟိုတယ်ရဲ့ ဝန်ထမ်းတစ်ယောက်က သူ့ကို ဘေလ်ပေးဆောင်ဖို့ လာပြောရာ အဲဒီမြင်ကွင်းကိုမြင်တော့ သူက ပြုံးပြီးပြောလာ၏။
"မင်းဦးလေးက ဘာလို့ တူလေးဖြစ်တဲ့ မင်းထက် ပိုစိတ်ဆက်နေတာလဲ? မင်း သူ့ကို ထိန်းထားရဦးမယ် ထင်တယ်နော်"
ဝူရှဲလည်း ရှင်းပြလို့ မရတာနိုင်တာကြောင့် ပြုံးရုံသာ ပြုံးပြီး ဘေလ်ရှင်းဖို့ပဲ ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားရတော့သည်။ စုစုပေါင်း ယွမ်၄၀၀၀ ကျော် ကုန်ကျတယ်လေ။ အခုအချိန်ကျမှ ကျိန်ဆဲနေလို့လည်း မတတ်နိုင်တော့ပေ။ အဲဒီလူကြီ မရှင်းမလင်း ကိစ္စတွေကို မနေ့က ထပ်လုပ်ဖို့ ဆင်းသွားတာပဲ ဖြစ်မည်။
ဒီငွေစာရင်းကို ကြည့်လိုက်တော့ ဝူရှဲ နည်းနည်းတော့ စိတ်ပူမိသွားသည်။ ဒီရက်ပိုင်းမှာ ပိုက်ဆံတွေ အများကြီး ကုန်သွားပြီလေ။ အစတုန်းကတော့ ဦးလေးသုံးရဲ့ အိတ်ထဲမှာ အရမ်းပြည့်နေသေးပေမယ့် တလမ်းလုံး သုံးလာခဲ့လို့ ပိုက်ဆံတွေက ရေလိုကုန်သွားပြီ။
ESTÁS LEYENDO
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Ficción históricaThe lost tomb LAရဲ့ novelပါ
