ခါတော်မှီ လူရေလည်လာပြီဟုဆိုနိုင်သည်။
ရန်ကုန်၌နေလာသည်မှာ၁လကြာပြီ ကျောင်းများလဲပြန်ဖွင့်တော့မည်။
အဖေ၏ ဩဇာရိပ်အောက်မှာ သူလွတ်လပ်လာခဲ့ပြီ၊
အပြင်ပလောကကြောင်းပိုသိရလေလေ အဖေအားစိတ်နာမိလေ၊
"ခါ clubသွားမယ်"
"အိုကေလေ အပြန်ကြ ကျွန်တော်ကို စာအုပ်ဝယ်ပေး"
"ဘာစာအုပ်တုန်း အပြာစာအုပ်လား"
"ဟာဗျ အဲ့စာအုပ်တွေခင်ဗျားဘဲဝယ်"
"ဟားဟား"
မင်းလွင်နှင့်လဲ ပို၍ရင်းနှီလာခဲ့သည်။
ဒေါ်သိန်းနှင့် ဦးဝင်းကိုတို့နှင့်လဲ အဆင်ပြေနေသည်။
လေယာဉ်ကွင်းနားရှိ အိမ်လေးသည် မြို့ထဲရှိ ကလပ်တစ်ခုဆီသို့၊
ကလပ်သည် နယ်နယ်ရရတော့မဟုတ် ဝန်ကြီးသားတစ်ဦးနှင့် နိုင်ငံခြားစီးပွားရေးပညာရှင်တို့ပေါင်း၍ တည်ဆောက်ထားခြင်း၊
1200s club
၃၅မိနစ်အကြာခိုက် ကားလေးသည် ကျယ်ဝန်း အရောင်စုံသော ကလပ်ဝန်းသို့ရောက်ခဲ့ပြီ၊
"ဒီည ငါကတော့ စော်နဲ့နှယ်မယ်"
"ရိုရို အိမ်မှာတော့မလုပ်နဲ့နော်"
"ဟော အိမ်မှာလဲ ဘာဖြစ်လဲ မင်းပါဝင်ခဲ့လေ"
"ခင်ဗျားဂျီးတော်ကြီးဝင်ပါလား"
"ဟားဟား စတာပါကွ ဘယ်သူမှာ့မခေါ်ပါဘူး"
အစပိုင်း၌ မင်းလွင်သည် ခါတော်မှီအပေါ်မရိုးမသားစိတ်တို့ရှိခဲ့သည်။
သို့သော် ဖြူစင်သော ခါတော်မှီ၏ စိတ်တို့ကြောင့် သူသည် ခါတော်မှီအား ညီတစ်ယောက်ကဲ့သို့တာ ခံစားမိတော့သည်။
ကလပ်ထဲဝင်သွားသည်နှင့်မီးရောင်စုံအောက်၌ ကခုန်နေကြသော လူငယ်များကိုတွေ့ရသည်။
ခါတော်မှီစိတ်တို့မှာ ကခြင်လာပြီ၊
သို့သော် မကခင် ဆိုဂျူးလေးတော့သောက်ဦးမည်။
ခါတော်မှီသည် ယခင်က အရက်မသောက်တက်၊ယခုတော့ အပေါင်းသင်းကောင်း၍ အတက်ကောင်းများတက်နေပြီ၊
DU LIEST GERADE
ရောင်နီ(၁၉၈၈)
Actionရှစ်လေးလုံးအရေးတော်ပုံကိုအခြေခံရေးသားထားတဲ့ BL ficပါ၊ ficဆိုတဲ့အတိုင်း သာသာရဲ့ ပုံဖော်ချက်သာဖြစ်ပါတယ်၊ factတွေကသာမှန်ပါတယ်နော်၊ သပိတ်တွေ၊ ဆန္ဒပြပွဲအချိုက သာသာရဲ့ စိတ်ကူးနဲ့ပုံဖော်ထားတာပါ၊ ဒါအပြင် roတဲ့အခန်းတွေက နည်းပါတယ်နော်
