အပိုင်း (၃၁)

3.7K 516 140
                                    

"မင်းက အရမ်းတုံးအလွန်းတယ် မင်ဗီရာ...ဟားဟား"

ဂျီမင့်ရင်ထဲ ထိတ်ခနဲ...။ သူ့ရှေ့ကလူဟာ အမြုတေကို ကြည့်ရင်း တဟားဟားရယ်နေသည်။ သူရင်ထဲ တင်းကြပ်သွားသည်။ ထင်သလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း ဘာတစ်ခွန်းမှမဟနိုင်ခဲ့..။ယခုအခြေအနေအား လက်ခံနိုင်ဖို့ အတော်လေးခက်ခဲနေ၏။

"ဧ..ဧကရာဇ်"

ဧကရာဇ်ကိုကြည့်လိုက်အခါ သူမက ခပ်ပြုံးပြုံးလေးဖြင့် သူ့ကို သနားစရာတစ်ခုလိုမျိုး ကြည့်နေသည်။

"Jeon..Jeon Orpheus ကို ကယ်ဖို့.."

"မင်းအခုထိ အခြေအနေကို သဘောမပေါက်သေးတာလား မင်ဗီရာ"

ဟင့်အင်း...သူလက်မခံနိုင်သေးတာ။ သူယုံကြည်ထားခဲ့တာလေ။ ကောင်းကင်ဘုံရဲ့ဧကရာဇ်တစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလိုရက်စက်နိုင်မယ်လို့ ထင်မိမှာလဲ။ သူ့ယုံကြည်မှု့အားလုံး ပုံအပ်ပြီး မျှော်လင့်ချက်တွေထားခဲ့တာ။ Jeonအသက်ပြန်ရှင်နိုင်ဖို့ အရမ်းမျှော်လင့်ထားခဲ့တာ။

" သနားစရာပဲ...မင်းက အရမ်းကို ရိုးအလွန်းတယ်"

အမြုတေကို ယူထားသော နတ်ဆေးသမားတော်ရဲ့ ချိုးနှိမ်တဲ့စကားကြောင့် ဂျီမင့်လက်သီးဆုပ်လေးတင်းကြပ်သွားသည်။

"ကျွန်တော့်ကို အမြုတေပြန်ပေး!"

"ရယ်စရာတွေလာပြောနေတာပဲ..."

"ကျွန်တော် ကောင်းကောင်းပြောနေတုန်း အမြုတေကို ပြန်ပေးပါ"

ဂျီမင်ရဲ့ ဒေါသတွေဟာ တစ်ဆင့်ပြီးတစ်င့် မြင့်တက်လာပြီ။ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရတဲ့ ခံပြင်းမှု့များနဲ့ ယုံကြည်မှု့‌တွေ ပျက်စီးသွားရတဲ့ နာကျင်မှု့တွေဟာ သူ့ရဲ့စိတ်ကို ပိုပြင်းထန်လာစေသည်။

"ဟားဟား..မင်းကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပါလား။ ကောင်းကောင်းပြောနေတုန်း ပြန်ပေးဆိုပဲ..ပြန်မပေးတော့ရော မင်းဘာလုပ်နိုင်မှာလဲ။ မင်းလုပ်နိုင်တာ ဘာရှိလဲ။ ရေနတ်ဖုရားဆိုတဲ့ အမည်ခံသက်သက်ကလွဲပြီး မင်းမှာနတ်ဖုရားလို့သတ်မှတ်ရလောက်တဲ့အထိ စွမ်းအားလည်းမရှိ။ ဓားနဲ့လည်း ထပ်မတိုက်ခိုက်နိုင်တဲ့အပြင် အယုံကလည်း လွယ်သေးတယ်"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Donde viven las historias. Descúbrelo ahora