Part - 21 ( Uni )

4.3K 132 3
                                        

ကြားလိုက်ရသည့်စကားကြောင့် သုတျာမျက်လုံးတွေပြာဝေသွားရတော့သည်။မောင်! မောင်က ထွက်သွားဖို့အထိလုပ်ခဲ့တာလား။ ပြောတဲ့အတိုင်းလုပ်တတ်တဲ့ မောင့်အကြောင်းသိထားပေမည့် ဒီလောက်အထိတော့ မလိုအပ်ဘူးလေ။
အန်တီမြတ်ကရော ဘာလို့များ ဒီလိုအချိန်မှာ မောင့်ကိုစိတ်ချလက်ချလွှတ်ထားရတာလဲ။ မောင်ကရော ဘာလို့များ
အဆုံးစွန်ထိမိုက်မဲရတာလဲ ။ မောင်သာတစ်ခုခုဖြစ်သွားရင် အချစ်က ဘယ်လိုကျန်ခဲ့ရမှာလဲမောင်ရယ် ။

အတွေးတွေ ယောက်ယက်ခတ်နေမိပြီး တစ်ဖက်အိမ်ကို ပြေးထွက်ဖို့ခြေလှမ်းပြင်လိုက်တာနဲ့ ဦးမိုက်ကယ်က ကိုယ့်လက်ကိုလှမ်းဆွဲထားလေသည်။

" ဟိုဘက်အိမ်ကကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ ကိုယ်တွေကမင်္ဂလာယူနေတဲ့အချိန် ။ အခုပဲ သတိုးသမီးဘက်သွားရတော့မှာ။ သွားမနေနဲ့ အကုသိုလ်တွေကူးမယ်။ စောစောစီးစီးကျက်သရေမရှိတာတွေ ဂြိုလ်ကောင်ကဂြိုလ်ထနေတာနေမှာပေါ့ "

" ဟုတ်တယ် နင်အဲအိမ်ကိုသွားဖို့တွေးမနေနဲ့ ။ လာခဲ့
ဟေမာန်နှင်းတို့အိမ်သွားမယ် "

ကိုယ့်ကို အတင်းချုပ်ခေါ်ဖို့ပြင်နေတဲ့ လူကြီးတွေလက်ကနေအားကုန်းရုန်းထွက်လိုက်ရင်း မွန်းကျပ်နေတဲ့စိတ်ကို ထွက်ပေါက်ရလိုရငြား အားကုန်အော်လိုက်မိပါတော့သည် ။

" အား !!!!! အား !!!!! "

တစ်သက်လုံး ကိုယ်ကိုစိတ်ကြိုက်ဖိနှိမ်ထားတဲ့မိသားစု ။
အခုလည်း မောင့်ကိုဂြိုလ်ကောင်တဲ့ ။ သူတို့လက်ထဲကနေရုန်းထွက်ဖို့အားအင်တွေက ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘဲ ချက်ချင်းသန်မာလာသလိုခံစားလိုက်ရသည် ။
လူကြီးတွေလက်ထဲကနေ အားကုန်ရုန်းထွက်လိုက်တဲ့အချိန်
ဒေးဗစ်က ကိုယ့်ကိုဝင်ချုပ်ဖို့ကြိုးစားနေတာမို့ မျက်နှာဆီ
လက်သီးတစ်လုံးပို့လွှတ်လိုက်တော့သည် ။

မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုမို့ ဒေးဗစ်နောက်ပြန်လဲကျသွားတဲ့အချိန် သုတျာမျက်လုံးက အခန်းထဲဝေ့ကြည့်လိုက်ပါသည် ။ စားပွဲပေါ်မှာတင်ထားတဲ့ ပန်းသီးနဲ့ အခွံနွှာဖို့ဓားတစ်ချောင်းကအဆင်သင့် ။ ဖျက်ခနဲပြေးသွားလိုက်ရင်း ဓားကိုကောက် ကိုင်လိုက်ကာ ရင်ဘက်နေရာလောက်ကနေ လက်ပြောင်းပြန်ကိုင်ထားလိုက်၏ ။ပြီးတာနဲ့ အရှေ့ကလူတွေကိုရွယ်ထားလိုက်ရင်း ကျန်တဲ့လက်တစ်ဖက်ကနေ အကုန်လုံးကို လက်ညှိုးနဲ့ဝေ့ထိုးလိုက်သည်။

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Место, где живут истории. Откройте их для себя