" မင်းဒီတိုင်းပဲ အလှထိုင်ပြင်နေတော့မှာလားမာရီ။ မင်းတူကို လွှတ်ထားပေးရင် ငါတို့မိသားစုအိမ်ပေါ်ကဆင်းရပြီး ခွေးဖြစ်ကုန်လိမ့်မယ်။ သူ့နောက်မှာ ဟိုမိသားစုရှိနေတာမမေ့နဲ့နော်"
" ကျမလဲ ဘာလုပ်ရမလဲ တွေးနေတာပဲရှင်။ အဲအကောင်က
ဟိုဘက်အိမ်အားကိုးနဲ့ အိမ်ကိုတောင်ပြန်မလာတာ ရှင်သိနေတာပဲ "
" မင်းတူက ဟိုဘက်အိမ်ကအကောင်လက်ချက်နဲ့ ကြာရင်ဗိုက်ကြီးတော့မလားပဲ။ အဲဒီ ဆက်ရှိန်ဝါဆိုတဲ့ကောင်ကိုလဲ
ငါတစ်သက်မကျေဘူး။ စေသုတျာစေ့စပ်ပွဲပျက်ရတာ
ဒင်းကြောင့် ။ဒင်းသာဂြိုလ်မမွှေရင် အခုချိန်ဆို ငါတို့အစီအစဉ်တွေ အကုန်ဖြစ်နေလောက်ပြီ ။ ဒီကောင်ကို စေသုတျာ
ထက်ကိုပိုပြီး ဘဝပျက်စေချင်တာ။ သူ့ကြောင့် တစ်ဖက်မိန်းကလေးမိသားစုကို ငါတောင်းပန်လိုက်ရတယ် "
" ရှင့်လိုပဲကျမလဲမကျေနပ်ပါဘူး ။ ငြိမ်နေတယ်ဆိုတာက ကိုယ့်အကြောင်းနဲ့ကိုယ်လေ။ ဖားတုလို့ခရုခုန်လို့ရမှာတဲ့လား ။ အဲအကောင်ကိုက ထိဖို့သိပ်မလွယ်လှဘူး ။ သူ့မိဘတွေအရှိန်အဝါကရှိသေးတယ် ။ သူ့ကိုထိလိုက်လို့ သူ့မိဘတွေကသိပြီးပါလာရင် ကျမတို့ကုမ္မဏီပါ ဒုက္ခရောက်ကုန်မှာရှင်သိရဲ့လား "
" အဲတော့ မင်းကဘာလုပ်ချင်လဲ "
" ဘာလုပ်ရမလဲ ခဲတစ်လုံးသုံးပြီး ငှက်နှစ်ကောင်ပစ်ရမှာပေါ့ "
" မင်းဆိုလိုတာက "
" အဆိပ်ရှိတဲ့မြွေနဲ့ကစားမဲ့အစား အဆိပ်မရှိတဲ့တီကောင်နဲ့ကစားမယ်လေ။ စေသုတျာကိုဖြိုနိုင်ရင် ဒင်းအမွေတွေလဲကျမတို့ရမယ်၊ ဆက်ရှိန်ဝါကိုလဲ အလဲထိုးပြီးသားဖြစ်မယ်။
ဘယ်လောက်အဆင်ပြေလဲ။ တစ်ခုပဲ စေသုတျာဆိုတဲ့ကောင်က သိပ်ကိုကံကောင်းတဲ့ကောင်မို့ လမ်းဘေးရောက်အောင်အထိတော့ လုပ်ဖို့မဖြစ်နိုင်ဘူး။ သူ့ဘာသာဒီအရိပ်ကနေထွက်သွားစေရမယ် "
" မင်းပြောတဲ့အတိုင်းဖြစ်ရင်တော့ အဆင်ပြေတာပေါ့ "
" ဖြစ်အောင်လုပ်ရမှာပေါ့။ စေသုတျာဆိုတဲ့ကောင်ကို
ဒီပတ်ဝန်းကျင်မှာ ခေါင်းမဖော်နိုင်အောင် မနေရဲအောင်ဖြစ်
တဲ့အထိလုပ်ပေးရမယ်။ ဒါမှ ဒီနေရာကနေအဝေးဆုံးကို သူ့ဘာသာသူ လွင့်ထွက်သွားမှာ ။အဲလိုဆို ကိုယ်တွေလဲ
အပြစ်လွတ်တယ်လေ "
YOU ARE READING
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)