အိပ်ယာနိုးနိုးချင်မှာပဲ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို
နာကျင်နေပြီး အာခေါင်တွေထဲလဲပူနေသည် ။ နှုတ်က
ညည်းညူမိတယ်ဆိုတာနဲ့ ...
" ချစ်!! မောင်ရှိတယ်လေ ဘာဖြစ်လို့လဲဟင် "
မောင်ဆိုတဲ့အသံကြောင့် မျက်လုံးကိုကြိုးစားပြီးဖွင့်ကြည့်လိုက်တဲ့အခါ ကိုယ့်ကို သူ့ရင်ခွင်ထဲထည့်ထားပြီး ကလေးတစ်ယောက်လိုဖက်ပေးထားတဲ့သူ ။ သူ့လက်တစ်ဖက်ကို ကိုယ် ကခေါင်းအုံးထားတာ ဘယ်အချိန်ထဲကပါလိမ့် ။ ညက
အကြောင်းတွေကို နိုးလာလာချင်းအကုန်မှတ်မိနေပေမည့် ဘာမှလဲပြောချင်စိတ်ရှိမနေသေးပါ ။ လူကနုံးချိနေသေး၏ ။
" ချစ်! !! ညထဲက မောင့်ကလေးလေး ကိုယ်ပူနေတာ။ ဆရာဝန်ခေါ်ပေးမလို့ပဲ ။ချစ်အိပ်နေတာလေးနိုးသွားမှာစိုးလို့
ငြိမ်နေပေးထားတာ "
" ကိုယ်တွေလက်တွေနာနေတယ်မောင်ရယ့်။ အာခေါင်တွေလဲ ပူနေတယ် "
" ပျောက်သွားမှာပါ မောင်ဆရာဝန်ခေါ်ခိုင်းလိုက်မယ် "
" ဟုတ် "
" ချစ် ပြန်အိပ်ချင်သေးလား ။အိပ်ရေးမဝသေးရင်ပြန်အိပ်
မလား။ နိုးမယ့်အချိန်လောက်မှ ဆရာကိုခေါ်လိုက်မယ်လေ"
" မအိပ်ချင်တော့ပါဘူး မျက်နှာသစ်ချင်တယ် "
" Okay !!Okay!! မောင်လုပ်ပေးမယ် ။ချစ် ဒီမှာပဲထိုင်နေနော် "
ကိုယ်လက်မောင်းကိုခေါင်းအုံးထားတဲ့ ချစ်ကို ဖြေးဖြေးချင်း
ထပြီးထိုင်စေလိုက်သည် ။ ကိုယ့်လက်တစ်ဖက်ကတော့
တစ်ညလုံးအဖိခံထားရတာမို့ ထုံကျဉ်နေ၏ ။ ဒါပေမဲ့ ချစ် အရှေ့မှာမို့ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ရေချိုးခန်း
ထဲဝင်လာလိုက်သည် ။ ရေချိုးခန်းထဲရောက်မှာ ထုံနေတဲ့
လက်ကို အခြားလက်တစ်ဖက်နဲ့ကိုင်ပြီး ခါလိုက်ရသည်။
" အာ့! !!! "
တဆစ်ဆစ်နဲ့ခံရခက်တဲ့ ခံစားချက်ကြောင့် ခပ်တိုးတိုး
ညည်းညူမိသွား၏။
" မောင်!!! လက်က တအားကိုကျဉ်နေတာလား "
အသံကြောင့်လှည့်ကြည့်လိုက်တော့ ရေချိုးခန်းထဲဝင်လိုက်လာတဲ့ ကောင်လေး ။ ဆက်က ကိုယ့်လက်ကိုလွှတ်ချလိုက်ရင်း ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ရသည်။
STAI LEGGENDO
သု တျာ ( သုတ်ာ ) Uni+Zaw ( Completed)