အပိုင်း (၃၇)

3.1K 355 24
                                    

"အဖေ..."

မဝံ့မရဲ ခပ်တိုးတိုးခေါ်ဆိုသံလေးကြောင့် တောင်ပိုင်း နတ်မင်းကြီး၏မျက်ဆန်တို့ လှုပ်ခတ်သွားသည်။ ရေ‌နွေးကြမ်းပန်းကန်လုံးကို ကိုင်ထားသည့် သူ၏ လက်တို့သည် လေထဲ ရပ်တန့်နေ၏။ အသံကြားလိုက်တာနဲ့ သူ၏သားမှန်း သိသော်လည်း မကြားချင်ယောင်ဆောင်လိုက်သည်။ နတ်အပေါင်းရဲ့ရှေ့မှာ သူ့ကို အရှက်တကွဲ‌ဖြစ်အောင် လုပ်ခဲ့တာ မဟုတ်လား။ ထိုလုပ်ရပ်ဟာ ခွင့်လွှတ်နိုင်ဖွယ်ရာမရှိ။ ဒါ့အပြင် ကောင်းကင်ဘုံနဲ့ဆန့်ကျင်နေတဲ့ ငရဲပြည်ရဲ့အိမ်ရှေ့စံနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့သေးတာ။ အဲ့ဒီတုန်းကတော့ အသံကောင်းဟစ်နေပေမယ့် အခုများတော့ ဖျော့တော့တော့အသံနဲ့။

"အဖေ....ကျွန်တော် အိမ်ထဲ ဝင်လို့ရမလား"

"မရဘူး..."

တောင်ပိုင်းနတ်မင်းဟာ ခပ်ပြတ်ပြတ်ပင် ဖြေလိုက်သည်။ ‌အိမ်ရှေ့တွင် အထုပ်လေးပိုက်လျက် ဟိုဆော့က မျက်နှာငယ်လေးဖြင့်ရပ်နေသည်။

"ဟိုဆော့...သား...."

ထိုအချိန် အိမ်တော်အတွင်းမှ  ဝမ်းပန်းတသာဖြစ်နေသော အသံကမး ထွက်ပေါ်လာ၏။ ထိုအသံ၏ ပိုင်ရှင်ကမူ အခြားသူမဟုတ် ဟိုဆော့၏ မိခင်သာ။

"အမေ.."

"သား...အမေတို့ဆီ ပြန်လာတာလား"

"ဟုတ်"

အမေဟာ အိမ်တော်ထဲမှ မပြေးရုံတမယ် ဆင်းလာပြီး သူ့ကို ပြေးဖက်သည်။သူ မျက်နှာမကောင်းတာ မြင်တော့ အမေက အိမ်ပေါ်ကိုခေါ်သည်။

"လာ..လာ...မင်းအဖေက စိတ်ထဲက မပါဘဲပြောနေတာ..."

အမေက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ သူ့ကိုအိမ်ပေါ်ဆီဆွဲခေါ်သည်။ နတ်အပေါင်းရှေ့မှာ အရှက်တကွဲဖြစ်အောင် လုပ်ခဲ့တဲ့ ကျွန်တော့်ကို အမေကစိတ်မနာခဲ့ပါ။ အမေက ဘယ်လိုကိစ္စမှမဖြစ်ခဲ့သလို အရင်အတိုင်း ကျွန်တော်ကိုချစ်ပေးနေတုန်း။ ကျွန်တော်က သူတို့အတွက် အရှက်ရစရာသားတစ်ယောက်ဖြစ်နေတာတောင် ဝမ်းပန်းတသာ ကြိုဆိုနေတုန်းပါပဲ။ မိဘဆိုတာ ဒီလိုမျိုးပါလား။ ကိုယ့်သားသမီး ဘယ်လောက်ဆိုးဆိုး ချွင်းချက်မရှိ ချစ်နေတုန်း။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now