ep(36)

3.5K 195 14
                                    

🤍 IF I 'M  Ever Gonna Fall In Love 🤍





ep(36)






" မားမား သားဒီမှာ မနေချင်တော့ဘူး "


ကုတင်ပေါ်မှာ တမလင်ခွေ ထိုင်နေတဲ့ မားမားရဲ့ ပေါင်ကို ခေါင်းအုံးရင်း ငြိုးငယ်စွာ ပြောလာတဲ့ ကလေးလေးက ဒီမှာ မနေချင်တော့ပါဘူးတဲ့ ။


ဒီနေ့အငယ်ဆုံးလေးက ပါးပါး မားမားနဲ့ အိပ်ချင်တယ်ဆိုကာ အောက်ထပ်မှာရှိတဲ့ မားမားတို့ အခန်းထဲ ရောက်နေခြင်း ဖြစ်သည် ။ အချိန်အားဖြင် ည 9 နာရီကျော်ဖြစ်ပြီး ပါးပါးကတော့ ဧည့်ခန်းထဲက TV မှာလာနေတဲ့ ဘောလုံးပွဲကို ကိုကြီးရှင်းယန်နဲ့ အတူကြည့်နေသည် ။ တခါတခါလည်း အေးပါတယ်ဆိုတဲ့ ကိုကြီးရှင်းယန်ရဲ့  " ကန်လိုက်လေ ကန်ထည့်လိုက် ဟာကွာ အသုံးမကျဘူး ငါဘဲ ၀င်ကန်လိုက်တော့မယ် ဟေ့ကောင်တွေ " ဆိုတဲ့ အားမလို အားမရအသံကြီးကိုလည်း ကြားနေရသေးသည် ။

ဒီလိုကြတော့လည်း ဘောလုံးပွဲကြိုက်တဲ့ တစုံတယောက်ကို လွမ်းလိုက်တာဆိုတာလေ ကိုးရီးယား ဇာတ်လမ်းတွဲလာတဲ့ အချိန်နဲ့ ဘောလုံးပွဲလာတဲ့အချိန်များ တိုက်နေရင် သူများလင်မယားတွေလို Remove လုရ ရန်ဖြစ်ရတာမျိုးမရှိ ကိုက သူနဲ့အတူ ဇာတ်ကားလိုက်ကြည့်ပေးပြီး သူအိပ်သွားမှ လွတ်သွားတဲ့ ပွဲကို ဖုန်းထဲကနေသာ ပြန်ကြည့်တတ်သည် ။ သူမသိခဲ့ဘူး ဘောလုံးပွဲဆိုတာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အချိန်ဘဲ ရင်တမမနဲ့ ကြည့်လို့ကောင်းတယ်ဆိုတာ ။

သူ့ယောကျ်ားက ဒီလိုလေးလည်း ချစ်ဖို့ကောင်းသည် ။ အင်းတစ်ချိန်က ယောကျ်ားပေါ့


သူပြောတော့ မားမားက သူ့ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးလာပြီး


" မားမားလည်း တူတူပါဘဲ သားရယ် ကိုယ့်မြို့ကိုယ့်နိုင်ငံမှာဘဲ နေချင်တာပါ ဒါမဲ့ သားရဲ့မမက  "


" သားသိပါတယ် မားမား မမက သားထိခိုက်မှာ စိုးရိမ်နေတာပါ သူ့ဘက်က ကွာရှင်းစာချုပ်ပို့ပေးခဲ့ရင် သားလက်မှတ်ထိုးပေးလိုက်ပါ "


ဒီစကားပြောနေတဲ့ ကလေးငယ်က သူ့ပြောနေတဲ့စကားနဲ့ သူ့မျက်နှာက နာကျင်မှုအရိပ်ယောင်က မလိုက်ဖက်စွာ ထွက်ကျလာခြင်းဖြစ်သည် ။


🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now