ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (35)
သွေးစာ
ထိုအခါ ဝူရှဲကလည်း ပြန်ပြောလိုက်သည်။
"ရောင်းနေတဲ့ ဆေးအမျိုးအစားက ကြက်ဟင်းခါးသီး ဖြစ်နေတာရော သိရဲ့လား? မင်း ဒီအကြောင်းကို ပြောပြောမပြောပြော ငါတို့ အခုထိ ဒုက္ခရောက်နေသေးတာကို မမေ့နဲ့... ဒီလို မသက်ဆိုင်တဲ့ အရာတွေကို လုပ်နေတာ ရှောင်ရမယ်!"
"စိတ်မပူပါနဲ့ ငါပြောမယ့် အရာက ငါတို့ရဲ့ လက်ရှိ အခြေအနေနဲ့ အများကြီး သက်ဆိုင်တယ်.... ဒီအစ်ကိုလေး ပြောတာကို မင်းအခုနက နားမထောင်ဘူးလား? ကောင်းကင်တံခါးထဲကို သွားတဲ့လမ်းက ကုန်းတက်ပဲ ကောင်းကင်နန်းတော်ရှိတဲ့ အခန်းကျယ်က အရမ်းမြင့်တယ်... အနည်းဆုံး ဆယ်မီတာကျော် မြင့်မှာ ဒီရှေးဟောင်း ဂူသင်္ချိုင်းက ဘယ်လောက်နက်လဲ မင်း စဉ်းစားကြည့်.... အခန်းရဲ့ထိပ်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုလုံးရဲ့ အနက်ရှိုင်းဆုံး အပိုင်း ဖြစ်နိုင်တယ်... အပြင်ကို ထွက်ချင်ရင် အဲဒီနေရာကနေ ငါတို့ဦးနှောက်ကို သုံးသင့်တယ်!”
ဒီစကားသံကို ကြားလိုက်ရတော့ ဝူရှဲ စိတ်တွေ ပြန်ကြည်လင်လာပြီး ခန့်မှန်းချက်တစ်ခု မြန်မြန်ဆန်ဆန် ချလိုက်တော့သည်။ ရေအောက် သင်္ချိုင်းထဲကို ဆင်းလာတုန်းက ရေပေါင်ချိန်ကို ကြည့်လိုက်တော့ အဲဒီတုန်းက ရေအောက် ၁၃ မီတာမှာ ရှိနေပြီ။ ရေကန်အောက်ခြေကနေ သူတို့ အခုရောက်နေတဲ့ နေရာကို အဲဒီတွက်ချက်မှုပေါ်မှာ မူတည်ပြီး ဆိုရလျှင် ဆယ်မီတာကျော် ဆင်းသွားတာ ဆိုတော့ ရေအောက် မီတာ ၂၀ နဲ့ ၃၀ ကြားမှာ ရှိရမယ်။
ဤနည်းဖြင့် တွက်ချက်ကြည့်ပါက ကောင်းကင်နန်းတော် စံပြအခန်းရဲ့ ထိပ်ဟာ ပင်လယ်အောက်ခြေမှ ဆယ်မီတာ အောက်သာ ကွာလိမ့်မည်။ ဒါဆိုရင်တော့ အမှန်ပဲ ဖက်တီးပြောတာ ဖြစ်နိုင်၏။
ဇာတ်လမ်းကို နားထောင်နေတာနဲ့ ဒီအသေးစိတ် အချက်အလက်တွေကို သတိမထားမိလိုက်ဘူး။ ဖက်တီးကို သဘောကျစွာ လှမ်းကြည့်လိုက်သည်။ ဒီလူက မဆင်မခြင် လုပ်တတ်ပုံ ပေါက်နေပေမယ့် တကယ်ကို ပွင့်လင်း မြင်သာမှုတော့ ရှိပုံပေါ်ပါ၏။ နောင်အနာဂတ်မှာ တချို့အရာတွေကို သူ့ဆီကနေ ဖုံးကွယ်ထားလို့ မရလောက်ဘူးပဲ။ ဒါကို တွေးပြီး ဝူရှဲက ပြောလိုက်သညိ။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Historical FictionThe lost tomb LAရဲ့ novelပါ
