[ အခန်း-၅ ]
" ရှင် ရရဲ့လား "
" အင်း ကိုယ်အသက်ရှုရတာမ၀သလိုပဲ "
ကြီးမားလွန်းတဲ့ သူ့ကိုယ်ထည်ကြီးကို
ရိုးခန္ဓာကိုယ်လေးနဲ့ အင်အားချင်းမမျှစွာ
သယ်လာခဲ့ရပြီး ဆိုင်ထဲထိခေါ်လာခဲ့ရသည်။ဆိုင်မှာက ဆေးဝါးစုံလှတယ်မဟုတ်ပေမဲ့
ထိခိုက်ရှနာလောက်ကိုတော့
ဆေးရုံသွားစရာမလိုအောင် ဆေးပစ္စည်း
အနည်းငယ်ကို ၀ယ်ထားတာမို့
တော်သေးတယ် ပြောရမည်။" ရှင် ဒီအတိုင်းပဲနေနေနော် "
သူ့ကိုယ်ကြီးကို ဆိုဖာပေါ်လှဲခိုင်းကာ
ရိုးက ထဖို့ပြင်လိုက်တော့
သူက ရိုးလက်ကောက်၀တ်လေးကို
ဖြတ်ခနဲ ဆွဲကိုင်၍" မင်းကဘယ်သွားမလို့လဲ ပေါက်စ "
" ရှင့်အတွက် ဆေးသွားယူမလို့လေ
ရှင်လက်မောင်းမှာလဲ ဒဏ်ရာရထားတယ် "" ကိုယ့်အတွက် ဆေးတွေမလိုပါဘူး
ဒီဒဏ်ရာလောက်နဲ့လဲ ကိုယ်မသေဘူး
ကိုယ်အခု ဒီကိုလာခဲ့တယ်ဆိုတာလည်း
မင်းအနားမှာ ရှိချင်ရုံပဲ "ဒီလောက်ထိ ခေါင်းမာတဲ့သူကို
ရိုးမတွေ့ဖူးသေး ...
လူကဖြင့် သွေးထွက်လွန်ပြီး
နှုတ်ခမ်းတွေတောင် ဖြူလျော့နေပြီဟာကို
တော်ကီက လာပြစ်ချင်နေသေးတာ" ဒီမှာ ... ရှင်တော်ကီပြစ်ချင်ရင်လည်း
ကျွန်မဆေးထည့်ပေးနေတဲ့ အချိန်မှပြစ်
အခုတော့ အေးဆေးလှဲနေပေး "အပြောနဲ့အညီ သူ့လက်ကြီးကို
ဆွဲချလိုက်ကာ
ဆေးဘူးထားတဲ့အနား ရိုးလျှောက်လာခဲ့သည်။
ပြီးကာမှဆေးဘူးယူကာ သူ့အနား
ခပ်သွက်သွက်လျှောက်သွား၍
ထိုင်ခုံအပုလေးကို ယူ၍ထိုင်ချလိုက်၏။ဗျူဟာ့ကိုယ်ကြီးကို ထိုင်စေလိုက်ကာ
လောင်းကုတ်ရှည်ကြီးကို
ခက်ခက်ခဲခဲ ချွတ်ပေးရှာသည်။အရက်ပြန်ဗူးယူကာ သူ့ဒဏ်ရာကို
ဆေးချလိုက်တော့ ဗျူဟာ့မျက်မှောင်များ
ကုတ်သွားရ၏။ဂတ်စ်အိုးဖောက်တုန်းက လဲကျတဲ့အချိန်
သံချွန်နဲ့ထိုးစိုက်မိခဲ့တာမို့
ဒဏ်ရာက ထင်ထားတာထက်ပိုနက်နေသည်။
YOU ARE READING
ခက်ထန်သော နှလုံးသား
Romanceမင်းက ပါးတစ်ချက်ဆို ကိုယ်က အနမ်းတစ်ပွင့်ပဲပေါက်စ အဟွန်း !! နဲနဲတော့ကြမ်းမှာပေါ့