ဖဝါးထက်က ပုလဲသွယ် (၄၄)

7K 512 13
                                        

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၄၄)

Translator - Jinnie Grace

_______

ယဲ့လီကျူးက သူမအတွေးတွေကိုသိမ်းဆည်းလိုက်ကာ ဟိုက်ထန်ပြောသမျှကို ဆက်မတွေးဘဲ နေလိုက်တော့သည်။

သူမက ခေါင်းကို ခြောက်အောင်သုတ်ပြီး အိပ်ရာပေါ် တက်လိုက်သည်။ ဒီနေ့ တိရှောင်းနှင့် တွေ့လာသည်မို့ နေရတာကောင်းနေ၏။ သူမအိပ်ချင်နေသော်လည်း ခံစားချက်တွေက သူမကို အိပ်ခွင့်မပေးပေ။

အမှောင်ထဲတွင် မျက်လုံးတွေကို ပိတ်ထားသော်လည်း မျက်တောင်ဖျားတွေက တုန်ယင်နေသည်။

အစကတော့ သူမ ဘာမှမခံစားရသော်လည်း အခုတော့ တိရှောင်း ချန်သွားသည့် အမှတ်အသားနေရာတွေက နာလာသလို ခံစားရသည်။

ယဲ့လီကျူးက ယောကျာ်းနှင့် မိန်းမကြားက ဆက်ဆံရေးကို ဘာမှနားမလည်သည်မို့ ဒါမျိုးကိုလည်း အပျော်လုပ်တာမှန်း မသိကာ တိရှောင်းက ကြမ်းတမ်းသည်ဟုသာ တွေးနေမိသည်။

အပြင်က အစေခံတွေ အိပ်နေကြပြီမို့ သူမခြေကို ဖော့သွားကာ စားပွဲခုံပေါ်က လိမ်းဆေးဘူးကို ယူလိုက်သည်။ ထို့နောက် သူမက လက်ထဲယူကာ လိမ်းလိုက်သည်။ အနံ့က သစ်ခွနှင့် ကြာနံ့ရောထားသည့်ရနံ့မျိုး ဖြစ်သည်။

သူမက အိပ်ရာပေါ်တက်ကာ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေပေါ်သို့ သုတ်လိမ်းလိုက်သည်။

သူမက ဒီအမှတ်အသားတွေ တစ်သက်လုံး မပျောက်တော့မှာစိုးကာ လိမ်းဆေးဘူးကိုပါ အိပ်ရာနား ထားအိပ်ဖို့ ကြံလိုက်သည်။ သူမ မနက်အိပ်ရာနိုးလျှင် ထပ်လိမ်းမည်ပေါ့။

နောက်ရက်တွင် ယဲ့လီကျူးနှင့် ကျန်းရန်ယိက မြို့ပြင်ရှိ အိမ်တော်ကို ပြန်ရန် စီစဉ်ထားကြသော်လည်း နှင်းတွေက မနေ့ကတည်းက အတော်လေး ထူထပ်စွာ ကျနေလေသည်။ မြေပြင်ပေါ်မှာလည်း နှင်းပုံကြီးဖြစ်နေလေသည်။

ယဲ့ကျာ့ယိုက ကျောင်းမသွားဖြစ်သည်မို့ ယဲ့လီကျူးအတွက် နှင်းလူရုပ်တွေ လုပ်နေလေသည်။

ယဲ့လီကျူးကတော့ သူမလက်တွေနွေးအောင် လက်အိတ်ဝတ်လျှင်ဝတ် မဝတ်လျှင် မီးဖိုဘေးထိုင်ကာ မီးလှုံနေရသည်။ သူမခန္ဓာကိုယ်က အားနည်းလွန်းသည်မို့ နှင်းကို မကိုင်ရဲပေ။

ဖဝါးထက်က ပုလဲသွယ် (Complete)Donde viven las historias. Descúbrelo ahora