82

262 5 0
                                        

ညီမက သရဲတွေကိုမမြင်ဖူးပေမယ့်တဂယ်တအားကြောက်တဲ့ထဲတော့ပါပါတယ်
ဖြစ်ပုံက ညီမတို့အိမ်က နှစ်ထပ်အိမ်တော်တော်ကြီးတဲ့ထဲလဲပါတယ် အပေါ်ထပ်မှာလဲ အခန်းတွေများတယ် တရက်တော့အမေနဲ့စိတ်ကောက်ပီး အရင်အိပ်နေကြအခန်းက အမေ့အခန်းနဲ့ကပ်ရပ်မို့ မအိပ်ပဲ တခြားတခန်းကိုပြောင်းအိပ်တာပေါ့
ညီမက နဂိုကတည်းအမှောင်ကိုကြောက်တာမို့ မီးဖွင့်ပီးအိပ်တယ် အာ့တာနဲ့
တော်တော်ကိုအိပ်မောကြနေတဲ့အချိန် ကုတင်ခြေရင်းကနေကုန်းကုန်းကြီးနဲ့
တက်လာတာ မွေ့ယာက အိကနဲဖြစ်ဖြစ်သွားတော့ ကိုယ်လဲရုတ်တရက်နိုးလာတာ
မျက်စိဖွင့်ကြည့်လိုက်တော့ တော်တော်ကိုပိန်လှီနေတဲ့အမျိူးသမီးကြီးတယောက် အကျီက ဇာအပါးအဖြူနဲ့ထဘီမှာကလဲအပွင့်တွေပါသေးတယ် သူဘာဝတ်ထားလဲဆိုတာပါ
ညီမကောင်းကောင်းမှတ်မိလိုက်တယ် သရဲလို့ပဲထင်လိုက်တာ သူ့ကိုအပြင်မှာ တခါမှလဲမမြင်ဖူးတာမို့သရဲဆိုတာပိုသေချာတာ  အာ့မှာလူက တအားကိုလန့်ပီးတုန်လာတာ
လှုပ်လို့ကလဲမရတော့ဘူး အာ့တာနဲ့အာ့ဒီအမျိူးသမီးကြီးက ညီမဘေးကိုရောက်လာတာ
ညီမလဲတဂယ်တအားကိုကြောက်ပီးငိုနေတာ မျက်စိကိုစုံမှိတ်ပီး ဟိုဘက်ကိုကြိုးစားလှည့်ရတာ ပါးစပ်ထဲမှာလဲရှိသမျှဘုရားစာအကုန်ဆိုနေတာ အစီလျော်မတည့်တော့ဘူး
အာ့အမျိူးသမီးကြီးက တူတူတောင်ဘုရားစာကိုလိုက်ဆိုပေးလိုက်သေးတယ်ပီးတော့
သူ့ရဲ့လက်ကအေးစက်နေတာနဲ့ ညီမရဲ့မျက်နှာကိုကိုင်ပီးဆွဲလှည့်နေတာ သူ့ကိုကြည့်ပါအုန်းတဲ့ သူညီမနောက်ကိုလိုက်နေတာ ၃လလောက်ရှိနေပီတဲ့ ညီမခန္ဓာကိုယ်ကိုခဏလောက်ပေးငှားပါ ပီးတာနဲ့သူပြန်ပေးပါမယ်တဲ့ သူနဲ့မျက်လုံးချင်းပဲဆုံလိုက်ရပီတဲ့
ဘာမှမနာကျင်စေရဘူးတဲ့ ညီမလေးတဂယ်ကို အာ့အချိန်မှာ ငါတဂယ်သေရတော့မယ်ထင်တယ်လို့တွေးမိနေတာ ခဏနေတော့ညီမခန္ဓာကိုယ်က
ညီမတို့မိသားစု ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းထဲကိုညီမရောက်သွားတယ်
အာ့ဒီမှာ ညီမမမွေးခင်ကတည်းက အမေတို့အဘွားတို့ကိုးကွယ်တဲ့ဆရာတော်ရဲ့
ရုပ်ကလာဘ် ရှိတဲ့ ကျောင်းဆောင်ရှေ့ကိုရောက်သွားတယ် ( ဆရာတော်ဘုရားကပြန်လွန်တော်မူပီးသွားတာ ၁၀နှစ်ကျော်ပါပီ ရုပ်ကလာဘ်ကို ဘာမှမလုပ်ပဲ မှန်ကျောင်းထဲထည့်ထားတာပါ) အာ့ကျောင်းဆောင်ရှေ့ရောက်တော့ ဘုန်းကြီးတစ်ပါးက ညီမကို
လက်ယက်ခေါ်ပီးလာသမီး ဘာမှမကြောက်နဲ့တဲ့ ခဏနေဆရာတော်ပြန်ပို့ပေးမယ်တဲ့
အာ့လိုပြောတော့ ညီမ အာ့ကျောင်းဆောင်ထဲပြေးဝင်သွားလိုက်တယ် ဆရာတော်က ရေလေးတိုက်ပီး ထိုင်ခိုင်းတယ် ခဏနေတော့ ပြန်လို့ရပီပေါ့ အာ့တာနဲ့ ညီမအပြင်မှာလဲ
တဂယ်နိုးလာတယ် နိုးလာတော့ အာ့ဒီအခန်းထဲကနေ ပြေးပီးထွက်တာ လူလဲတုန်နေတာပဲ ဒါကတော့တဂယ် ဘဝမှာပထမဆုံးအိမ်မက်ဆိုး အိမ်မက်လို့ပြောရအောင်လဲတဂယ်ကို အပြင်မှာဖြစ်နေတာဆိုတာခံစားမိနေတာ...... အာ့နောက်ပိုင်း အခုထိ အာ့အခန်းထဲကို လုံးဝပြန်မဝင်ရဲတော့တဲ့အထိကိုကြောက်သွားရတာ..

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now