ရှော့ပင်းမောကအပြန်မှာတော့
"ရောင်နီ"
"ဟုတ်"
"ဘယ်သွားချင်သေးလဲ"
"ဟို လေကောင်းလေသန့်ရပြီး နေဝင်ချိန်ကိုကြည့်ချင်လို့ အဲ့တာ နေရာကောင်းတစ်ခုကိုပို့ပေးပါလားဟင်"
နေဘုန်းလည်းခေတ္တခနစဉ်းစားပြီးမှ
"အင်း လိုက်ပို့ပေးမယ်"
"ဟီးဟီး ဟုတ်"
နေဘုန်းလည်း ရောင်နီပြောတဲ့နေရာကိုစဉ်းစားပြီးလိုက်ပို့ပေးလိုက်တယ်။ထိုနေရာသို့ရောက်သောအခါ
"ဆင်းတော့ ရောက်ပြီ"
"ဟုတ်"
ရောင်နီလည်းဆင်းလိုက်ပြီး ကြည့်လိုက်တော့ အတော့်ကိုသာယာတဲ့နေရာလေး လေလေးတဖြူးဖြူးတိုက်နေတဲ့အပြင် ညနေဆည်းဆာအချိန်လေးဆိုတော့ နေဝန်းနီနီလေးကိုတိုက်ရိုက်မြင်တွေ့နေရပြီး ပတ်ဝန်းကျင်လေးကလည်းအနီရောင်သန်းနေပြီ။နေဘုန်းကတော့ရောင်နီထိုင်ဖို့အတွက် သူ့ကားထဲကအခင်းလေးတစ်ခုကိုယူလာကာ ခင်းပေးပြီး ထိုင်ခိုင်းစေသည်။ ရောင်နီကလည်းနေဘုန်းခင်းပေးထားတဲ့အခင်းပေါ်တွင်ထိုင်ချကာ မျက်လုံးလေးမှိတ်ကာ လေလေးကိုရှူရှိုက်နေသည်။ထို့နောက်မတ်တပ်ရပ်နေတဲ့နေဘုန်းကိုလည်းမျက်လုံးလှန်ကြည့်ကာ
"လာထိုင်လေ ဒါလင်"
"အင်း"
နေဘုန်းကလည်းရောင်နီဘေးတွင်ထိုင်ချလိုက်ကာ
"သဘောကျလား"
"ဘာကိုလဲဟင်"
"ဒီနေရာလေးကို"
"အင်း သဘောကျတယ် အရမ်းလည်းလှတယ်"
"ခင်ဗျားလောက်တော့မလှပါဘူး" ထိုစကားကိုနေဘုန်းစိတ်ထဲကသာပြောနေတော့သည်။အပြင်မှာ တော့ထုတ်မပြောသေး သူ့မှာလုပ်စရာတွေရှိသေးလို့။
"ခုနကလူကဘယ်သူလဲ"
"ဘယ်သူ့ကိုပြောတာလဲဟင်"
"ကျစ် ရှော့ပင်းမောထဲမှာတွေ့တဲ့တစ်ယောက်ကိုပြောတာ"
"အော် အဲ့တာကရောင်နီ တက္ကသိုလ်တုန်းကခင်တဲ့ဂျူနီယာကောင်လေးပါ"
YOU ARE READING
မွေးစားအစ်ကို (Complete)
FanfictionSeme-ေနဘုန်းဧကရာဇ် Age-25 High-6feet 2inches Uke-ရောင်နီဖြာ Age-30 High-5feet 9inches