ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (10)
ငါးကြီး
လောင်းယန်က ဒီလိုပြောပေမယ့် သူတို့ခမျာ လည်ပင်းလောက်နက်တဲ့ ရေထဲမှာ ချည်နှောင်ခံထားရသလို ခက်ခက်ခဲခဲ ကူးခတ်နေရတာ ဖြစ်လေသည်။ သူတို့ ဘယ်လိုလုပ် ခပ်မြန်မြန် လွတ်မြောက်နိုင်ပါ့မလဲ ဆိုတာကို တွေးရင်း အကြိမ်အနည်းငယ် တလှုပ်လှုပ်နဲ့ ပြန်ကြည့်လိုက်တော့ တြိဂံပုံ ရေအမှတ်အသားက လျှပ်စီးလက်သလို သူဆီ ပြေးလာနေတာကို တွေ့လိုက်ရသည်။
ဓာတ်မီးကို လက်ကောက်ဝတ်မှာ အမြန်ချိတ်ပြီး ခါးပတ်မှာ အလျားလိုက် ထည့်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ကာ ကျောပိုးအိတ်ကို အကာအကွယ်အဖြစ် ရှေ့ကနေ သယ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ လောင်းယန်ကို အကူအညီပေးဖို့ လှမ်းခေါ်လိုက်တော့ ထိုကောင်လေးက ဆယ်မီတာကျော် အဝေးအထိ ကူးခတ်နေပြီ ဆိုတာကို တွေ့ရလေ၏။
ဝူရှဲ သူ့စိတ်ထဲကနေ သူ့ဘိုးဘေးဆယ်ပါးအထိ ရေတွက် ကြိမ်းမောင်းလိုက်တော့သည်။ ဒီအချိန်မှာ သူ သိပ်စဉ်းစားနေလို့ မရပေ။ ဘီလူးကြီးက လျှပ်စီးလက်သလို ပြေးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူရှေ့ကို ရောက်လာသည်။
ဝုရှဲ ခန္ဓာကိုယ်ကို နှိမ့်ချပြီး ထိုဘီလူးကို ထိုးနှက်ဖို့ ပြင်ဆင်နေလိုက်သည်။ တြိဂံပုံ ရေအမှတ်အသားသည် သူ့ရှေ့ သုံးပေခန့်သို့ လျင်မြန်စွာ ရောက်လာပြီး ရုတ်တရက် ရေမျက်နှာပြင်ပေါ်တွင် တွန့်လိမ်နေသော လှိုင်းလုံးကြီး ပေါ်လာသော်လည်း ရေအမှတ်အသားမှာ မထင်မှတ်ဘဲ ပျောက်ကွယ်သွားလေသည်။
အချိန်နှောင်းသွားတာလား မြန်လွန်းတာလား မတွေးမိမီတွင် ရုတ်တရက် သူ့မျက်လုံးရှေ့တွင် ရေတစ်ဆုပ်က ဖောင်းကနဲ ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်ကို အင်အားကြီးမားတဲ့ အရာတစ်ခုက ရိုက်ခတ်သွားခဲ့သည်။ ဝူရှဲ ဘာဖြစ်နေမှန်းကို မသိလိုက်ဘဲ နံစော်နေတဲ့ ရေတွေကသာ နှာခေါင်းထဲ တိုးဝင်လာပြီး မျက်လုံးကိုလည်း မဖွင့်နိုင်ခဲ့ချေ။
ESTÁS LEYENDO
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Ficción históricaThe lost tomb LAရဲ့ novelပါ
