Ep - 1

510 51 3
                                    

" ဒီနေ့ညနေပွဲ လက်ခံပါ့မယ်
ကြေးကိုလဲ ပြောထားတဲ့အတိုင်း
ကတိရအောင်တည်ပေးပါ
ကျွန်တော် ဘယ်လိုလူမျိုးလဲဆိုတာ
သူဌေးဟန်လဲ သိမယ်ထင်ပါတယ် "

" သိပ်သိတာပေါ့ စိတ်ချပါ မင်းပြောတဲ့အတိုင်း
ကွက်တိဖြစ်စေရမယ် မင်းဘက်ကလဲ
နောက်ကြောင်းမရှုပ်ရအောင်
တစ်ခါတည်း ပွဲသိမ်းပေးခဲ့ပါ "

" နားလည်ပြီ ဒါဆို ခွင့်ပြုပါအုံး "

မြေအောက်ခန်းမှောင်မှောင် ရုံးခန်းထဲက
ဂွန်းဝုထွက်သွားတာနဲ့ သူဌေးဟန်က
မျှော်လင့်ချက်ကြီးစွာပဲ ဂွန်းဝုနောက်ကျောကို
ငေးကြည့်နေခဲ့တယ်
သူဌေးဟန် ခုချိန်မှာ နောင်တရနေတာ
ဂွန်းဝုလိုလူမျိုးကို လက်သပ်မမွေးခဲ့နိုင်လို့လေ
သူ့လက်အောက်ကလူသာဖြစ်နေရင်
ဒီနယ်ပယ်မှာသူဌေးဟန်ကို ယှဉ်နိုင်တဲ့သူ
ဘယ်ရှိတော့မလဲ

ပတ်ဂွန်းဝု ... ပြောရမယ်ဆိုရင် ဒီလူလဲ ပြောပြစရာ
အတော်လေးများတဲ့သူပေါ့
အသက်ငယ်ငယ်လေးနဲ့ အန္တရာယ်များတဲ့လောကထဲကို
ခြေစုံပစ်ဝင်ခဲ့တာ
အရက်စက်ဆုံးပါဆိုတဲ့ ဒီနယ်ပယ်မှာ
အကြောက်အလန့်မရှိ ဘယ်သူမှမထိရဲလောက်တဲ့အထိ
နာမည်တစ်လုံးနဲ့ ရှိနေတဲ့သူ
အဲ့လိုဆိုလို့ အတွေ့အကြုံရင့်တဲ့သူလားဆိုတော့
အဲ့လိုလဲမဟုတ်သေးပြန်ဘူး
အခုမှ တက္ကသိုလ်ကျောင်းသား အရွယ်လေး
အထက်တန်းကျောင်းပြီးတည်းက
အလွတ်တမ်းလက်ဝှေ့သမား
လူမိုက်လုပ်ရင်း ပိုက်ဆံရှာနေခဲ့တာပေါ့
ဒီကောင်လေးရဲ့အရည်အချင်းက သာမန်မဟုတ်တာမို့
ဘယ်ဂိုဏ်းက တိတ်တဆိတ်လွှတ်လဲဆိုတဲ့သံသယတွေနဲ့
နောက်ကြောင်းစုံစမ်းကြည့်ဖူးကြပေမဲ့
ဆင်းရဲတဲ့ သာမာန်မိသားစုတစ်ခုကဆိုတာကလွဲပြီး
ဘာမှထူးထူးခြားခြားမရှိခဲ့ဘူး

သူ့သူငယ်ချင်းတွေက မင်းဘာလို့ပိုက်ဆံဆို
အဲ့လောက် သဲကြီးမဲကြီးရှာလဲဆိုရင် အဖြေက
တစ်ခုတည်းပဲ ဘယ်ချိန်မေးမေးမပြောင်းဘူး

" ပိုက်ဆံကပဲ တစ်ခုတည်းသောလွတ်လမ်းမလို့ "တဲ့

~

" ပွဲစဉ် ၁ ပတ်ဂွန်းဝု နဲ့ ဂန်ထယ်ဟွန်း
ကြိုးဝိုင်းထဲ နေရာယူပါ "

Heaven of SinWhere stories live. Discover now