အပိုင်း (၆၀) ဆေးဝါးများနှင့် မြေယာဝယ်ယူခြင်း

3.9K 339 1
                                        

အပိုင်း (၆၀) ဆေးဝါးများနှင့် မြေယာဝယ်ယူခြင်း

နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်တို့ညီအစ်မသည် သူတို့းဆီးဖျော်ရည်များကို ရောင်းရန် မြို့သို့ တက်သွားကြတော့သည်။ ယိုရင်က ဆီးဖျော်ရည်ကို ဒုတိယအကြိမ်ပြန်ယူရင်း သူမသည် အမျိုးသမီးစုနှင့် အမြွှာလေးနှစ်ယောက်ကို တစ်ခါတည်းခေါ်ခဲ့ကာ ယိုပေါင်ကိုတော့ ညီမငယ်တချို့နှင့် အိမ်စောင့်ထားခဲ့လေသည်။

အမျိုးသမီးစုသည် ဝူလီချောင်သို့ ပြောင်းလာကတည်းက ပထမဆုံးအကြိမ် မြို့တက်ခြင်းပင်။ နွားလည်းထဲတွင် ထိုင်‌ရင်း လမ်းတစ်လျှောက် ရှုခင်းများကိုကြည့်လာရာ လောကသစ်တစ်ခုလို ခံစားလိုက်ရလေသည်။

ဦးလေးနျိုသည် စုမိသားစုနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူက သူတို့ကို ယိုကျင့်ဆိုင်နေရာသို့ တန်းခေါ်လာလိုက်ရာ ကလေးတချို့ကို ချီပိုးရသည့် ဒုက္ခလွတ်သွားတော့သည်။ အမျိုးသမီးစုက လာနေသည်ကိုမြင်လိုက်သဖြင့် ယိုကျင့်က သူမကို အပြေးသွားကြိုလိုက်တော့သည်။ သူမက ယိုရင်လက်ထဲက ကလေးကို လှမ်းချီလိုက်ပြီး အမျိုးသမီးစုကို အနားက အေးသည့်နေရာလေးတစ်ခုသို့ ခေါ်သွားကာ ထိုင်ခိုင်းလိုက်လေသည်။

"အမေ ခဏလောက်နားလိုက်အုံးနော်၊ သမီးတို့ ကုန်အောင်ရောင်းပြီးတဲ့အထိ စောင့်ပြီးရင် ဆေးခန်းသွားကြမယ်"

အမျိုးသမီးစုက အသာအယာခေါင်းညိတ်လိုက်ပြီး

"ရပါတယ်ကွယ် သမီးတို့အရင် အလုပ်သွားလုပ်ကြ၊ အမေ့ကို စိတ်မပူနဲ့၊ ဧည့်သည်တွေကို မြန်မြန်သွားဧည့်ခံလိုက်အုံး"

ဆီးဖျော်ရည် လာဝယ်သူနောက်တစ်ယောက် ဖြစ်နေ၏။ လျင်မြန်သွက်လက်ပြီး ပေါ့ပါးသည့် ခြေထောက်များနှင့် အပြောအဆိုညက်ညောသည့် ကလေးများကို မြင်လိုက်ရသောအခါ အကြီးဆုံးသမီးလေးက ကလေးများကို ပျိုးထောင်ရာတွင်  သူတို့၏မိခင် သူမထက် အမှန်ပင် သာသည်ဟု ခံစားမိလိုက်လေသည်။ သူမ၏ သင်ကြားပြသပေးမှုအောက်တွင် သမီးများသည် အရင်ကထက် ပိုသိတတ်နားလည်ကာ ရွယ်တူ သာမန်ကလေးများထက်လည်း ပို၍ထက်မြက်လေသည်။

မမကြီး လက်မထပ်သေးဘူးလားDonde viven las historias. Descúbrelo ahora