ကိုယ့်ဘဝမှာ ဘယ်သူကိုမှမချစ်ခဲ့ဖူးဘူး
ကိုယ်သူ့ကို မြင်မြင်ချင်စိတ်ဝင်စားခဲ့တယ်ချစ်ခဲ့တယ် သူ့ရဲ့အပြုံးမှာကျရှုံးခဲ့တယ်
ဒါပေမယ့် သူပြုံးပြခဲ့တာ ကိုယ့်ကိုမဟုတ်ခဲ့ဘူး
သူ့ရဲ့ချစ်သူ သူ့ကောင်မလေးကို မြတ်မြတ်နိုးနိုး ပြုံးပြနေခဲ့တာ
ကိုယ်ကတော့ သူအပြုံးတွေမှာ ကျရှုံးခဲ့ရတယ်
စတွေ့ကတည်းက
ကိုယ့်ဟာအရှုံးတွေနဲ့စတင်ခဲ့ရတယ်
သူဆိုတာက ကိုယ့်တူမလေးကို စာလာသင်ပေးတဲ့ ဂိုက်ဆရာမလေးရဲ့ ချစ်သူတဲ့လေ
သူချစ်သူကို လာကြိုပေးရင်း သူ့ကို စတွေ့ခဲ့တာ
ကိုယ့်သဘောကျတဲ့သူက ကိုယ့်လိုမျိုးတူယောကျာ်းလေး၁ယောက်တဲ့
ပြီးတော့ ချစ်သူရှိတဲ့သူ၁ယောက် ကိုယ် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး ....
သူတို့သူအတူတူပျော်ရွှင်နေတာကြည့်ပြီး
တိတ်လေး သဘောကျနေခဲ့ရတယ်
သူက အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ဘော်ဒီတောင့်တောင့်နဲ့ သူပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ အပြုံးလေးတွေကချိုနေတယ်
တနေ့ကျရင်တော့ ကိုယ့်ကို အဲ့အပြုံးလေးတွေစွန့်ကျဲဖို့ မျော်လင့်ရင်းတိတ်တိတ်လေး ငေးကြည့်နေခဲ့ရတယ်
သူတို့၂ယောက်ပြုံးပျော်နေတာငေးကြည့်ရင်နဲ့ တစတစရင်းနှီးဖို့ကိုယ့်ကြိုးစားခဲ့တယ်
နိုင်း(nine)
YOU ARE READING
ကိုယ်တို့၂ယောက်နဲ့ သူမ (Completed)
Short Storyအချစ်ဆိုတာ ၁ယောက်တည်းကိုပဲ ချစ်ရမယ်လို သတ်မှတ်ထားတာလား .... ၂ယောက်ကိုချစ်လို့မရဘူးလား.... ၂ယောက်လုံးကိုလည်းချစ်တယ် ၂ယောက်လုံးကလည်းချစ်တယ် ဘယ်သူမှဒုတိယလူမဖြစ်ချင်ဘူး ..... အခ်စ္ဆိုတာ ၁ေယာက္တည္းကိုပဲ ခ်စ္ရမယ္လို သတ္မွတ္ထားတာလား .... ၂ေယာက္ကိုခ်စ္လို...
