Vol 2🐉19🐉အရိုးပုံပြင်

458 56 2
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်

Chapter (19)
အရိုးပုံပြင်

ဝူရှဲ စကားမဆုံးခင်မှာပဲ တစ်ယောက်ယောက်က သူ့မျက်နှာနဲ့ ကန်ထည့်လိုက်တဲ့ ကန်ချက်ကြောင့် မူးလဲလုနီးပါး ဖြစ်သွားတော့သည်။ နောက်ဆုံးတော့ အရိုးကွဲအက်သံတွေ ဆက်တိုက်ကြားလိုက်ရပြီး ဘာဖြစ်သွားမှန်း မသိတော့ပေ။ ဝူရှဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် မီးတုတ်ကို အလျင်အမြန် ထွန်းညှိကာ အနီးကပ် ပြေးကြည့်လိုက်တော့ လောင်းယန်သည် တစ်စုံတစ်ခုနှင့် နပန်းလုံးနေပြီး လူသေအလောင်းပုံထဲမှာ လူးလဲနေတာကို တွေ့လိုက်ရသည်။

ဝူရှဲ့ သူ့ကို အလျင်အမြန် အကူအညီ​ပေးဖို့ သွားသော်လည်း လုံးဝ မကူညီနိုင်တာကို တွေ့ရ၏။ ထိုအရာသည် အရွယ်အစား မကြီးမားသော်လည်း အလွန်အားကောင်းသည်။ လောင်းယန်ရဲ့ အလေးချိန်မှာ ကီလိုဂရမ် 100 ကျော်ရှိတာတောင် ၎င်းကို ထိန်းထားနိုင်ခြင်း မရှိပေ။ သူတို့က အလောင်း နှစ်လောင်းပေါ်ကနေ တညီတညွတ်တည်း သောင်းကျန်းသွားသည်။ ဝူရှဲ လုံးဝ အနားကိုကပ်လို့ မရပေ။ ဘာမှ မလုပ်ရင်လည်ူ နားမလည်နိုင်စွာနဲ့ အရိုက်ခံရလိမ့်မယ်။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် တိုက်ပွဲထဲကို မဝင်နိုင်တော့တာကြောင့် အပြင်ကနေ မတ်တပ်ရပ်ပြီး ​​ကြည့်​နေရုံသာ တတ်နိုင်တော့သည်။

သိပ်မကြာခင်မှာ လောင်းယန်လည်း ဆက်မထိန်းနိုင်တော့ပေ။ ထိုအရာက အကြိမ်ပေါင်းများစွာ ရုန်းထွက်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ ဒီအတိုင်း နောက်ထပ် ဆက်မသွားနိုင်တော့တာကို သိလိုက်တော့ ဝူရှဲ ဆရာလျောင်ကို အသံပေးလိုက်ကာ နှစ်ယောက်လုံး လောင်းယန်အပေါ်ကို သူ့ထက်ငါဆင့်ကာ ခုန်အုပ်လိုက်သည်။ အဲ့ဒီအရာက သူတို့အောက်ကို ဖိမိသွား၏။ လောင်းယန်လည်း ဝူရှဲက ဒီလိုအကွက်မျိုး ထုတ်သုံးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့လောက်ချေ။

"သောက်ကျိုးနည်း! နည်းနည်း လျှော့စမ်းပါဦး.... ငါ့ကျောရိုး ကျိုးသွားလိမ့်မယ်!"

သို့သော် သူတို့က လောင်းယန်ကို ပြင်းပြင်းထန်ထန် ဖိချလိုက်ပြီး လူ ၃ ယောက်ရဲ့ အလေးချိန်ကို အောက်က အရာပေါ် လုံးလုံး ချထားလိုက်သည်။ အောက်ကအရာ မလှုပ်တော့မှ ဝူရှဲ မေးလိုက်၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Donde viven las historias. Descúbrelo ahora