အပိုင်း (၆၂) တူးမြောင်းအလုပ်သမားအဆောင်

3.6K 307 4
                                        

အပိုင်း (၆၂) တူးမြောင်းအလုပ်သမားအဆောင်

လော့ဟယ်မြို့တွင် လူဦးရေ တိုးလာသည်ကို တွေ့ရသဖြင့် တူးမြောင်းဆောက်လုပ်ရေးသတင်းမှာ မှန်နေလောက်မည် ဖြစ်ကြောင်း ယိုကျင့် သိလိုက်လေသည်။ တူးမြောင်းဖောက်ရင် လူအင်အားတွေ  အများကြီး သုံးရလိမ့်မယ်။ ပြီးနော့ တူးမြောင်းဖောက်မဲ့လူတွေကလည်း လော့ဟယ်မြို့သားတွေချည်းပဲ မဖြစ်နိုင်ဘူး။။ သဘောက သူတို့ထဲက တချို့အတွက် နေထိုင်ရေး အခြေခံလိုအပ်ချက်က ပြဿနာဖြစ်လာလိမ့်မယ်။ ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။

“ နင်က အိမ်ဆောက်ဖို့ လူရှာနေတယ်ဟုတ်လား”

ဟယ်ဟောက်သည် စုမိသားစုတွင် အမြင်ရှိတာလား ကံကောင်းတာလားပင် မသိတော့ချေ။ အသက်ကြီးကြီးအားနည်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတွေပဲ ရှိတဲ့ စုမိသားစုက မြေရိုင်းတွေ အများကြီးဝယ်ဖို့ ငွေတွေအများကြီးသုံးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အစတုန်းကတော့ သူတို့တွေ နုံနုံအအလေးတွေပဲလို့ ထင်ထားခဲ့တာ။ မျက်နှာပေါ် ပါးချခံလိုက်ရတာ မျက်စိတစ်မှိတ်စာအတွင်းလေးပဲ။ နုံအတဲ့သူက သူဖြစ်နေတာလေ။

“လက်ရှိအိမ်က နင်တို့မိသားစုအတွက် မလောက်လို့လား”

ယိုကျင့်က ရှင်းပြလိုက်လေသည်။

“လူတွေ လော့ဟယ်မှာ သွားလာနေကြတာကို ကျွန်မ သတိထားမလို့လေ၊ ကြည့်ရတာ တူးမြောင်းဆောက်လုပ်ရေးက သေချာသွားပြီထင်တယ်၊ မြေရိုင်းတချို့ပေါ်မှာ သက်ကယ်နဲ့ ရွှံအုတ်အိမ်လေးတချို့ ဆောက်ပြီး ငွေရှာနိုင်မယ်လို့ စဥ်းစားမိလို့ပါ”

စုမိသားစုသည် ဝူလီချောင်မြစ်မှ ခဲတစ်ပစ်စာခန့်တွင် မြေဆယ်ဧက ပိုင်ထားလေသည်။ လေးဧကကိုသာ စိုက်ပျိုးထားပြီး ကျန်သည့် ခြောက်ဧကကို အလွတ် ထားထားလေသည်။ အိမ်တချို့ကို ဆောက်လုပ်ခဲ့လျှင် နောက်ပိုင်း တူးမြောင်းအလုပ်သမားများကို ငှားရမ်းနိုင်လိမ့်မည်။ ဒါသည် ငွေရှာနိုင်မည့် နည်းလမ်းတစ်ခုပင်။ အမျိုးသမီးစုနှင့် တိုင်ပင်ပြီးနောက် ယိုကျင့်သည် ကူညီနိုင်မည့်လူတစ်ယောက် ရှာပေးရန် သူကြီးအား သွားပြောတော့သည်။

မမကြီး လက်မထပ်သေးဘူးလားWhere stories live. Discover now