အပိုင်း (2)

44.2K 363 1
                                        

အရှင့် ရဲ့ အသုံးတော်ခံ
           (OR)
Lord ရဲ့ သတို့သမီး 🔞🔞🔞🔞🔞

အပိုင်း (2)

ခွန်းချက်ချင်းအခန်းထဲကထွက်လာတော့....

အခန်းရှေ့မှာရောက်နေသည့်မန်နေဂျာ....

"အဆင်ပြေရဲ့လား.....ညီမ...."

"ပြေပါတယ်...အကို"

"တော်သေးတယ်....အလုပ်ဆက်လုပ်လို့ရလား"

"ရပါတယ်.... ရှင့်"

"ကောင်းပြီ...သွားသွား...ဒီအထပ်မှာဆက်မလုပ်နဲ့....ဒုတိယအထပ်မှာ သွားလုပ်လိုက် ညီမ... အဲ့မှာ ဒါမျိုးတွေမရှိဘူး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကို"

ကျေးဇူးကြောင့် အောက်ထပ်မှာက ရိုးရိုးသာမာန်ဘားပါ ညစ်ညမ်းတာတွေမရှိပါဘူး...အလုပ်လုပ်ခဲ့သည်။

~~~~~~~~~❤❤❤❤~~~~~~~~~~~~

အိမ်ပြန်ရောက်လာတော့...မနက် 2 နာရီ ထိုးနေပြီ...
အရမ်းပင်ပန်းလွန်းလို့ အိပ်ယာကိုသာသွားလိုက်သည်။

​အိမ်ကြီးအကြီးကြီးမှာ သူ့အတွက်နေရာမရှိပါဘူး ဒါကြောင့် မီးဖိုချောင်အနားက ပစ္စည်းအစုပ်တွေထားတယ့်စတိုခန်းကိုသာ ပြန်ပြင်ဆင်ပြီး

ဖျာလေးနဲ့ခြင်ထောင် စောင် ခေါင်းအုံး ဒါတွေတောင် ကိုယ့်ဟာကိုယ်ဝယ်ထားရတာ....အရင်ကဟာတွေစုတ်နေလို့....ဒါမျိုးလေးအိပ်ရသူပါ။

အခု အရမ်းပင်ပန်းလွန်းလို့
အိပ်ယာထဲ အိပ်လိုက်သည်။

မနက်ခင်း 7 နာရီ...

Shine Win Thant  က မနက်ခင်း မနက်စာ စားပွဲဝယ် အရင်ကလို ဘာမနက်စာ မှ မတွေ့တော့

အမေ ​ဖြစ်သူ Ei Ei Zaw ဆီသွားကာ

"အမေ....မနက်စာ ဘာမှ မရှိဘူး....သား သွားစရာရှိတယ်...."

"ဘာ...မနက်စာမရှိဘူးဆိုတာ ဘာစကားလဲ ဟိုကောင်မ မလုပ်ဘူးလား"

"မသိဘူးဗျာ....တစ်ခုခု လုပ်ပါ...သား...အချိန်မရှိဘူး"

"တောက်....ဒီကောင်မကတော့...."

ရေဗုံးတစ်ခုကိုယူကာ ရေထည့်လိုက်သည်။
ပြီးတော့ ခွန်းလေးရှိတယ့် အခန်းကိုသွားကာ အခန်းတံခါးကိုဖွင့်လိုက်သည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now