အခန်း ၁၃၉ ။ အမျိုးသားဇာတ်လိုက် နဲ့ ဇာတ်ပို့ အမျိုးသားဇာတ်လိုက် PK (၃)

56 7 0
                                        

အခန်း ၁၃၉ ။ အမျိုးသားဇာတ်လိုက် နဲ့ ဇာတ်ပို့  အမျိုးသားဇာတ်လိုက် PK (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================

သူ့ရှေ့တွင် ဟိုတစ်စု ဒီတစ်စု
ဖြန့်ချထားတဲ့ ဆံပင်ရှည်နှင့် မိန်းကလေး
တစ်ယောက်ရှိနေသည် ။ သူမက အေးခဲနေ
တဲ့ တောင်ထိပ်က ပန်းတစ်ပွင့်နှင့်တူသော်
လည်း အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား
ပြီး, သူမရဲ့ အေးစက်စက် အရောင်အဝါ ကို
နွေးထွေးမူ အရိပ်အယောင်လေး ပေါင်းထည့်
နေ၏။

သူက သူမကို မျက်နှာချင်းဆိုင်ပြီး အပြုံးတစ်
ပွင့်ပေးကာ, " မိုယွီ, ထိုင်ဖို့ နေရာတစ်ခု ရှာ
ရအောင်"

ရှင်းရီချန်း က ဒီလို သရုပ်ဆောင်နေတာကို
ချောင်မိုယွီ မြင်တဲ့အခါ, သူမ နောက်ဆုံး
တုံ့ပြန်လာခဲ့တယ် ။ တစ်ဖက်လူက နောက်
ဆုံးတော့ အမှန်တရားကို နားလည်
သွားပြီလား?

မျှော်လင့်ထားသလိုဘဲ, အမျိုးသားဇာတ်လိုက်
က အထင်ကြီးစရာပါပဲ။ သူမက သူ့ကို
အရိပ်အမြွက်လေး နည်းနည်းပဲ ပေးလိုက်
သည်တိုင် သူကတော့ မြင့်မားတဲ့ ကျွမ်းကျင်
မူနဲ့ အသေအချာကို စုံစမ်းစစ်ဆေးနိုင်တယ်
လား?

ချောင်မိုယွီက သူမနူတ်ခမ်းတွေကို လှောင်ပြုံး
တစ်ခု အဖြစ် ကွေးညွှတ်လိုက်ပြီး,
" ရှင်က ကျွန်မကို ပါပါရာဇီတွေ ဓာတ်ပုံ ယူရအောင် ဖိတ်နေတာလား၊ ဒါဆို အင်တာနက်ပေါ်ကလူတွေက ကျွန်မကို အပျော်မယားဆိုပြီး
ကျိန်ဆဲကြလိမ့်မယ်"

သူမက သူမပခုံးတွေကို တွန့်လိုက်ပြီး,
" စိတ်မကောင်းပါဘူး,  ရှင်နဲ့အတူ လိုက်စရာ
ဘာအကြောင်းမှ မရှိဘူး!"

ကော်ရစ်ဒါ၏ မှိန်ပျပျအဝါရောင် မီးရောင်ထဲ
တွင် ရှင်းရီချန်းဟာ သူ့ရှေ့မှ မိန်းကလေးကို
တိတ်တဆိတ်စိုက်ကြည့်နေမိသည်။သူမ သူ့ကို
အစစ်အမှန်ပြုံးပြခဲ့တာက အရမ်းကြာသွားခဲ့ပြီ
ဆိုတာ သူရုတ်တရက် နားလည်သွားရတယ်။

ပရိုဂရမ်ရိုက်ကူးရန် သူမ လာသည့်နေ့၌
သူမဟာ အခြားဧည့်သည်များကို ပြုံးပြကာ
ဒါရိုက်တာကိုပြုံးပြပြီး ကင်မရာကို ပြုံးပြသည်။
သို့သော် သူ့ကို တွေ့သည့် အခါတိုင်း
သူမ မျက်လုံးတွေက အမြဲတမ်း အေးစက်နေခဲ့တယ်။

စီအီးအို ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《မြန်မာဘာသာပြန်》Where stories live. Discover now