Shopping Centre တစ်ခုထဲဝင်သွားတဲ့ အတွဲကိုကြည့်ပီး ဦးခိုက် မျက်ဝန်းတွေက စူးရဲနေသည် ။
ဘယ်နေရာကိုပဲ ကြည့်လိုက်ပါစေ သူ့မြင်ကွင်းအားလုံးထဲ ရင့်အာဏာကပဲ ပိတ်ဆို့နေကာ ကြာလာတော့ အမှိုက်သဖွယ် ရှင်းပစ်ချင်လာရသည်အထိ ။
ကားခေါင်းခန်းမှာထိုင်နေတဲ့ ပိုင်သော်က ထိုမြင်ကွင်းကြောင့် ဦးခိုက်ဘက် တစ်ချက်လှည့်လာကာ.....
" ဒီကောင် လွန်နေပီ boss "
ဦးခိုက် ခေါင်းသာ တစ်ချက်ညိတ်ပြလိုက်ပြီး.....
" စမ်းချောင်းကိုမောင်း ပိုင်သော် "
ဦးတည်ရာပြောင်းသွားကာ စမ်းချောင်းဘက်ဆီကိုမောင်းပီး သိပ်မကြာလိုက် လမ်းချိုးတစ်ခုထဲ ကွေ့ဝင်သွားပီး အထပ်မြင့် တိုက်ခန်းတစ်ခုအောက်ရောက်တော့ကားက ထိုးရပ်သွားသည် ။ ပိုင်သော်က ကားပေါ်ကဆင်းကာ ဦးခိုက်ထိုင်နေတဲ့ဘက်ထိ လျှောက်လာပီး ကားတံခါးဖွင့်ပေးသည် ။
ကားပေါ်က ဆင်းလိုက်ပီး ကုတ်အကျီထဲက စီးကရက်တစ်လိပ်ထုတ်ကာ နှုတ်ခမ်းမှာတေ့လိုက်တော့ ပိုင်သော်က အလိုက်တသိနဲ့ မီးလာညှိပေးသည်။ သာမန်ရပ်ကွက်တစ်ခုဖြစ်တာကြောင့် ပုံမှန်ထက် လူစည်ကာ လမ်းမပေါ်က လူတစ်ချို့က ဦးခိုက်တို့ကို ကွက်ကြည့် ကွက်ကြည့် ။
မြင့်မားတဲ့ အရပ်အမောင်းက ၆ပေကျော်နေကာ ဖြူစွတ်နေတဲ့ အသားအရေပေါ်က တက်တူးနက်နက်တွေက နေရောင်ထဲမှာပိုပြီး ရုန်းကြွနေသလို ။ ဂုတ်ထောက်ဆံပင်ရှည်တို့က စည်းနှောင်မထားပဲ ဒီတိုင်းဖြန့်ချထားတာကြောင့် လေဝေ့တိုက်သွားတိုင်း မျက်နှာပေါ် ပြိုဆင်းကျလာတဲ့ ဆံပင်တွေကို ဦးခိုက်က ဆတ်ခနဲခါထုတ်ပစ်ပီး......
" သွားမယ် "
ဓာတ်လှေကားမရှိတဲ့ တိုက်ခန်းပေါ် လှေကားကနေသာ တက်လာခဲ့ကြပီး ၆ထပ်မြောက်က အခန်းဆီရောက်တော့ ရပ်လိုက်ပီး ပိုင်သော်က တံခါးခေါက်သည် ။
" ဘယ်သူလဲ "
အခန်းထဲကနေ မိန်းမတစ်ယောက်အသံကအရင်ထွက်လာကာ တံခါးတော့ လာမဖွင့်ပေးသေး ။
သူတို့အသံမပေးဘဲ တံခါးထပ်ခေါက်တော့ စေ့ပိတ်ထားတဲ့ အခန်းတံခါးက ဖျတ်ခနဲပွင့်လာကာ.....
YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
