Vol 2🐉40🐉ထွက်လာပြီ

447 52 5
                                        

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
#ချင်လင်နတ်သစ်ပင်

Chapter 🐉(40)🐉
ထွက်လာပြီ

၎င်းရဲ့နီရဲနေတဲ့ မျက်လုံးတွေဟာ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အကြည့်တွေနဲ့ ပြည့်နှက်နေကာ ကြည့်လိုက်တာနဲ့ စိတ်ထဲမှာ ရုတ်တရတ် စိတ်ဝိညာဉ်ပါ ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပြင်းပြင်းထန်ထန် ပျို့အန်ချင်သလို မူးဝေလာတာနဲ့ မျက်နှာကို ချက်ချင်း လွှဲပစ်လိုက်သည်။

သို့သော် ဆရာလျောင်ကတော့ နတ်ဆိုးစွဲနေသလိုမျိုး မလှုပ်ရှား​တော့ဘဲ ထိုသွေးစွန်းနေသော မျက်လုံးများကို တည့်တည့်​ကြီး စိုက်ကြည့်နေသည်။ ဝူရှဲ့ သူ့ကို နှစ်ကြိမ်တိုင်တိုင် ခေါ်သော်လည်း တုံ့ပြန်မှု မရှိလာခဲ့ပေ။

"ကျူကျိုယင်း"ရဲ့ ယင်မျက်လုံးက ငရဲ​ပြည်ကို ဦးတည်သွားကြောင်း ဆရာလျောင်က ပြောခဲ့ဖူးသည်။ ဝူရှဲ့လည်း တစ်ခုခု မှားနေပြီဆိုတာ သေချာသိသောကြောင့် ရေလက်တစ်ဆုပ်စာ အမြန်ယူပြီး သူ့မျက်နှာပေါ်ကို လောင်းချလိုက်သည်။

ဒါပေမဲ့ ကျူကျိုယင်းက ရုတ်တရက် ရှေ့ကို ရောက်လာတာလား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်ပဲလား မသိပေမယ့် ရေက ဆရာလျောင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို မဖြန်းမိဘဲ ကျူကျိုယင်းရဲ့ ခေါင်းပေါ်ကိုပဲ ရောက်သွားလေသည်။

ကျူကျိုယင်းရဲ့ ခေါင်းပေါ်ကို ရေဖြန်းမိသွားတာကြောင့် ဝူရှဲ့ခမျာ ထိတ်လန့် တုန်လှုပ်သွားတော့သည်။ ၎င်းက မျက်လုံးတွေကို မှိတ်ပြီးတာနဲ့ ဦးခေါင်းက နောက်ပြန်ဆုတ်သွားပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။ ဝူရှဲ့လည်း ကြေးနီပင်နောက်ကို အမြန်တက်လိုက်တော့ မြွေရဲ့ဦးခေါင်းက ကြေးပင်ကိုထိမှန်သွားပြီး အကိုင်းအခက် အားလုံး ကွေးသွား၏။ အဲဒီအချိန်မှာ "လောင်းယန်" ယူလာတဲ့ ကျောပိုးအိတ်ထဲမှာ ဘာလက်နက်တွေ ရှိနိုင်လဲလို့ တွေးနေရင်း နောက်ကျောက ကျောပိုးအိတ်ကို ရှေ့ကို အမြန်လှည့်လိုက်သည်။

သူ့လွယ်အိတ်ထဲမှာ သေနတ်တွေ မရှိရဘူး။ ဒါပေမဲ့ သင်္ချိုင်းနံရံတွေကို ဖောက်ခွဲဖို့ မူလက အသုံးပြုခဲ့တဲ့ ဖောက်ခွဲစက်တချို့ ရှိတာကို သွားသတိရမိသည်။ အခုသူက လက်နက်မဲ့ ဖြစ်နေတော့ တစ်ဖက်ကအ​​ကောင်ကို ခြိမ်းခြောက်ဖို့ အစွမ်းထက်တဲ့ အရာတစ်ခုကို သုံးလိုက်တာ ပို​ကောင်းမယ်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4Donde viven las historias. Descúbrelo ahora