အခန်း(131) ထင်ရှားသောအကျိုးသက်ရောက်မှု
ရွီချန်ဟွေ့ သူမဦးနှောက်က တဝုန်းဝုန်းနဲ့မည်နေတယ်လို့ခံစားနေရတယ်။
“မင်းက ရွီထျန်းဟောက်ကော ဟုတ်ရဲ့လား?”
ရွီချန်ဟွေ့က ရွီထျန်းဟောက်ခေါင်းကိုကိုင်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်ကာ သံသယများစွာဖြစ်ပေါ်နေတယ်။အထူးဆန်းဆုံးက ရွီထျန်းဟောက်က သူ့မကို ဘာမှ ပြန်မလုပ်ပြန်မပြောတာပဲ။
ရွီချန်ဟွေ့ နားမလည်စွာဖြင့် အသံတိုးတိုးဖြင့်ပြောလိုက်သည် “သောက်ထား တာလဲ မတွေ့ပါဘူး”
“အမ ကျွန်တော်အရမ်းကိုနောင်တရနေတယ်….”
ရွီချန်ဟွေ့မျက်ခုံးတွန့်သွားပြီး လက်နှစ်ဖက်ပိုက်ကာမေးလိုက်သည် “ဘာတွေ နောင်တရနေတာလဲ?”
“ကျွန်တော်အရင်ကအမကို ပြန်မပြောသင့်ဘူး၊ ပြီးတော့ ပြောတာလဲရိုင်းတယ် ၊ အမ ဆံပင်ကိုလဲဆွဲသေးတယ်၊ အမဖင်ကိုလဲကန်သေးတယ်၊ ကျွန်တော်တကယ်ပဲ လူမဟုတ်ဘူးပဲ၊ အမကျွန်တော့အပေါ်အဲလောက်ကောင်းတာ ၊ ငယ်ငယ်က တခြားသူ တွေ ကျွန်တော့်ကို ထောင်ထွက်သားလို့ခေါ်လို့ရှိရင် အမပဲအရှေ့ထွက် ကာကွယ်ပေး တာ ၊ သူများတွေ ကျွန်တော့်ကိုအနိုင်မကျင့်နိုင်အောင်လို့ , ဒါပေမယ့်…..ကျွန်တော်က တော့…..”
ပြောရင်းပြောရင်းနဲ့မျက်ရည်ကအဆက်မပြတ်ကျလာသည်။အသံကလဲ ပြတ် တောင်းပြတ်တောင်းနဲ့
“ကျွန်တော်အနိုင်ကျင့်မခံရဖို့အတွက် ၊ အဲဒီကောင်တွေနဲ့အပေါင်းအသင်းလုပ် ရတယ်၊ အမအရင်တုန်းက စာအဲလောက်တော်တာကို….ကျွန်တော်က…”
“ကျွန်ေတာ်ကတော့ စာကောင်းကောင်းမသင်ပဲ…..”
ရွီထျန်းဟောက်ဆက်ပြီးငိုနေသည်။ဘေးက ရွီချန်ဟွေ့ဒါကိုကြည့်ပြီး သူမရင် ထဲမှာလဲ အခြေအနေမကောင်းဘူး၊အတိတ်ကအကြောင်းအရာတွေ သူမဦးနှောက်ထဲ ပေါ်ထွက်လာတဲ့ ၊ အဲတုန်းက သူတို့မောင်နှမနှစ်ယောက်အပြန်အလှန်အားကိုးပြီးနေ ခဲ့တာ…..
“ထားလိုက်တော့ အားလုံးကဖြစ်ပြီးသားကိစ္စတွေ ၊ ငါတောင်မေ့နေပြီ ၊ အဲတာ တွေ ပြန်ပြောပြီးဘာလုပ်မှာလဲ!” ရွီချန်ဟွေ့ငိုချင်စိတ်ကိုထိန်းက ရွီထျန်းဟောက် ခေါင်းလေးကို ပုတ်လိုက်ပြီး “ဒီနေ့အရမ်းပင်ပန်းနေပြီ ၊ အခန်းထဲပြန်နားတော့မယ် ၊ မင်းလဲ အများကြီးစဉ်းစားမနေနဲ့ ၊ အိပ်တော့”
အဲလိုပြောပြီးတာနဲ့ ရွီချန်ဟွေ့ အပေါ်ထပ်သူ့မအခန်းကို တက်သွားတော့သည်။
VOCÊ ESTÁ LENDO
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mistério / Suspenseသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
