အပိုင်း (၁၄၁) ကျွန်မအစ်ကိုမှာ ချစ်သူရှိတယ်
စာချုပ်ပါအကြောင်းအရာများကို အပြီးသတ်ပြီးသွားသော်လည်း ကုချင်းယွီနှင့် ကျွမ်းစစ်ရိတို့သည် တစ်စုံတစ်ယောက်ကို အစီအစဥ်ဆွဲခိုင်းဖို့ရာ ဝမ်းသာအားရဖြင့် ဆုံးဖြတ်လိုက်ကြလေသည်။ နှစ်ယောက်လုံးသည် ညတာက အလွန်ရှည်နေမည် စိုးသော်လည်း ဝရန်တာမှ ထွက်မလာခင်မှာပင် ကျွမ်းကျင်းက သူတို့နှစ်ယောက်ကို တွေ့လိုက်လေသည်။
ကျွမ်းစစ်ရိသည် အချိန်ကို ကြည့်လိုက်ပြီး ၁၁နာရီ ထိုးနေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတော့သည်။ ပွဲကျင်းပသူတစ်ယောက်အနေဖြင့် နှစ်နာရီလောက် ရုတ်တရက် ပျောက်သွားသည်က အမှန်ပင် သိပ်မကောင်းလှချေ။ ရှက်ရွံ့အားနာသည့်လေသံဖြင့် သူပြောလိုက်၏။
“ ဪ ကြည့်စမ်း လက်ရာကောင်းလေးတစ်ခု တွေ့လိုက်တာနဲ့ အချိန်တောင်မေ့သွားတယ်... ချင်းယွီ နင်နဲ့ မိတ်ဆက်ပေးရအုံးမယ် ဒါက ကျွမ်းကျင်းတဲ့ ငါ့ညီမလေးလေ၊ သူလည်း ငါတို့ကျောင်းမှာ တက်နေတာ၊ ငါ့ညီမလေးလည်း ပန်းချီဆရာကောင်းတစ်ယောက်ပဲ၊ ဒါပေမဲ့ နင့်လောက်တော့ မတော်ပါဘူး၊ သူ နင့်ညီမလေး ဖြစ်ရင် တစ်ခါတစ်လေလောက် သူ့ကို သင်ကြားပေးပါအုံးနော်”
ကျွမ်းကျင်းကို ကြည့်လိုက်ပြီးနောက် သူပြောလိုက်ပြန်သည်။
“ ကျင်းအာ ဒါက S တက္ကသိုလ် အနုပညာကျောင်းက အစ်ကို့ဂျူနီယာညီမလေးလေ၊ ရုပ်ရှင်ထဲက နောက်ခံပန်းချီတချို့ကို သူဆွဲပေးခဲ့တာ”
ကုချင်းယွီက ခေါင်းညိတ်ပြလိုက်ပြီး
“ ဟယ်လို ကျွန်မက ကုချင်းယွီပါ”
ကျွမ်းကျင်း၏မျက်လုံးထဲက အကြည့်မှာ အနည်းငယ် အေးစက်နေလေသည်။
“ ဟယ်လို”
ငါလေး သူမကို အပြစ်လုပ်ခဲ့ဖူးလို့လား။ ငါတို့တွေ တွေ့တာ ဒါပထမဆုံးအကြိမ်ပါဟဲ့။ ဒီကျွမ်းကျင်းက ငါလေးကို လုံးဝသဘောမကျသလို ဘာလို့ ခံစားမိနေပါလိမ့်။
ကုချင်းယွီသည် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသော်လည်း သိပ်ဂရုမစိုက်ချေ။ သူမ၏ဖန်ခွက်ထဲက ကျန်နေသည့် ရှန်ပိန်ကို ကုန်အောင်သောက်လိုက်ပြီးနောက် ကျွမ်းစစ်ရိကို ပြောလိုက်လေသည်။
BẠN ĐANG ĐỌC
အကြီးဆုံးမမလေးက မူမမှန်
Viễn tưởngလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...
